တာချီလိတ်မြို့တွင် မီးခိုးမြူများ ထူထပ်စွာ ဖုံးလွှမ်းနေ၍ လေကြောင်းခရီးစဉ်များ အခြေအနေ စောင့်ကြည့်နေရ

တာချီလိတ်မြို့တွင် မီးခိုးမြူများ ထူထပ်စွာ ဖုံးလွှမ်းနေ၍ လေကြောင်းခရီးစဉ်များ အခြေအနေ စောင့်ကြည့်နေရ
မတ် 15, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် မီးခိုးမြူများ ထူထပ်စွာ ဖုံးလွှမ်းနေ၍ လေကြောင်းခရီးစဉ်များ အခြေအနေ စောင့်ကြည့်နေရ 

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၅ ) ရက်နေ့ နံနက်ပိုင်းက မီးခိုးမြူထူထပ်စွာ ဖုံးလွှမ်းနေမှုကြောင့် တာချီလိတ်လေဆိပ်သို့ဆင်းသက်မည့် လေကြောင်းခရီးစဉ် (၃) ခု ဆင်းသက်နိုင်ခြင်း မရှိသေးဘဲ ပြေးလမ်းမြင်ကွင်းရှင်းလင်းချိန်ကို စောင့်ဆိုင်းနေရသည်။

(၁) နာရီကျော်လောက် ဆင်းနိုင်မယ် ခန့်မှန်းထားတာပေါ့။ (၁၂) နာရီလောက်ဆင်းမယ့် လေယာဉ်တွေ နောက်ကျတာပေါ့။ နောက်ကျတာ ဘယ်လောက်ကြာမလဲဆိုတော့ လောလောဆယ်ခန့်မှန်းထားတာပဲ ရှိတယ်။ ရာသီဥတုက မမှန်းနိုင်သေးဘူး

ဟု တာချီလိတ် လေဆိပ်တာဝန်ခံ ဦးဝင်းမြင့်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်လေဆိပ်သို့ မတ်လ (၁၅)ရက်နေ့တွင် လေကြောင်းခရီးစဉ် (၁၀) ခု ရှိနေသော်လည်း နေ့လယ် (၁၂) နာရီ မတိုင်မီ ဆင်းသက်ရမည့် Air KBZ၊ Air Thanlwin နှင့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း(MNA)တို့၏ ခရီးစဉ်များ ဆင်းသက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

တာချီလိတ်မြို့နှင့် နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ၂၀၂၀ ခုနှစ် မတ်လ (၁၅) ရက် နံနက်ပိုင်း တိုင်းတာချက်များအရ လေထုအရည်အသွေး အညွှန်းကိန်း(AQI)မှာ PM-2.5 ပါဝင်မှု (၄၁၆)၊ PM-10 ပါဝင်မှု (၂၉၅) ရှိနေပြီး  ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် နီညိုရောင်အဆင့်ကိုရောက်ရှိနေပြီး တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးမှ မတ်လ (၁၅) ရက်နေ့အတွက် လေထုအရည်အသွေးအညွှန်းကိန်းကို နေ့လယ် (၁၂)နာရီအထိ ထုတ်ပြန်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~