COVID-19 ရောဂါကို မိမိစားရိတ်ဖြင့် စစ်ဆေးနိုင်မည့် အစီအစဉ် စတင်ရန် မရှိသေး

COVID-19 ရောဂါကို မိမိစားရိတ်ဖြင့် စစ်ဆေးနိုင်မည့် အစီအစဉ် စတင်ရန် မရှိသေး
ဇူလိုင် 10, 2020
By Tachileik News Agency

COVID-19 ရောဂါကို မိမိစားရိတ်ဖြင့် စစ်ဆေးနိုင်မည့် အစီအစဉ် စတင်ရန် မရှိသေး

မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲစစ်ဆေးနေသည့် ဓာတ်ခွဲဌာန (၅) ခုတွင် အများပြည်သူအား မိမိစားရိတ်ဖြင့် ဓာတ်ခွဲစစ်ဆေးပေးမည့် အစီအစဉ် စတင်ရန် မရှိသေးဘဲ အရေးပေါ် မဖြစ်မနေ  ပြည်ပခရီးသွားရမည့်သူများကိုသာ မိမိစားရိတ်ဖြင့် ဓာတ်ခွဲစစ်ဆေးမှုလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ဆီ ညွှန်ကြားချက် မရောက်သေးဘူး။ သူက ပက(ပြည်သူ့ကျန်းမာ)ဘက်ကိုအရင်လာဦးမယ်။ ပြီးမှ ကျွန်တော်တို့ဆီ ရောက်မှာပေါ့။ စာက ဓာတ်ပုံရိုက်ပြီး Facebook ပေါ်တက်လာတာ။ ဒါကဒေါက်တာဒေါ်ဌေးဌေးတင်တို့ဘက်က လုပ်ပေးလို့ရတယ်ဆိုတဲ့ ဟာပဲရှိသေးတယ်။ ဒီဟာကိုမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထပ်ပြီးထုတ်ပြန်တာ၊ ကုသရေးဦးစီးဌာနက ထပ်ပြီးထုတ်ပြန်တာတွေ ရောက်လာမှလိုက်ပြီးဆောင်ရွက်လို့ရမှာပေါ့

ဟု ရှမ်းပြည်နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာသံရုံးရှိ သံတမန်များ၊ သံရုံးဝန်ထမ်းများ၊ UN အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ အခြားဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရေးပေါ် နိုင်ငံပြင်ပခရီးသွားရန် လိုအပ်သူများအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ COVID-19 ကင်းရှင်းကြောင်း (Travel fit certificate for COVID-19) ထုတ်ပေးရန်နှင့် ဓါတ်ခွဲခန်းစရိတ် မြန်မာကျပ်ငွေ (၂)သိန်း ကောက်ခံရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း ၂၀၂၀ ခုနှစ် ဇွန်လ (၂၉) ရက်နေ့ရက်စွဲဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဌေးဌေးတင်က လက်မှတ်ရေးထိုးထားသည့် ဌာနတွင်းထုတ်ပြန်ချက်တစ်စောင် လူမှုကွန်ယက်စာမျက်နှာတွင် ရောက်ရှိလာခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၌  ပြည်တော်ပြန်လာသည့် မြန်မာနိုင်ငံသားများကို Quarantine Center များတွင် ထားရှိပြီး ဓာတ်ခွဲစစ်ဆေးမှု လုပ်ဆောင်နေရခြင်း၊ ဆေးရုံတက်နေသည့် အတည်ပြုလူနာများကို ကုသပေးနေစဉ်ကာလအတွင်း တစ်ဦးလျှင် အနည်းဆုံး (၇) ကြိမ်ခန့် ပြန်လည် ဓာတ်ခွဲစစ်ဆေးနေရခြင်း၊ အတည်ပြုလူနာနှင့် ထိတွေ့ ဆက်ဆံခဲ့သူများကိုလည်း အနည်းဆုံး (၂) ကြိမ်စစ်ဆေးနေရခြင်းများကြောင့် နေ့စဉ် ဓာတ်ခွဲနမူနာ (၁,၀၀၀)ကျော်စစ်ဆေးနေရပြီး တစ်ကြိမ်စစ်ဆေးလျှင် အမေရိကန်ဒေါ်လာ (၂၀၀) ခန့် ကျသင့်ကြောင်း သိရသည်။ 

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~