Covid-19 ကာလအတွင်း ကျောင်းများ ဖွင့်ရမည်ဖြစ်၍ ကျောင်းမုန့်ဈေးတန်းများ ဖွင့်ခွင့်မပေးရန် ဆွေးနွေး

Covid-19 ကာလအတွင်း ကျောင်းများ ဖွင့်ရမည်ဖြစ်၍ ကျောင်းမုန့်ဈေးတန်းများ ဖွင့်ခွင့်မပေးရန် ဆွေးနွေး
ဇွန် 14, 2020
By Tachileik News Agency
Covid-19 ကာလအတွင်း ကျောင်းများ ဖွင့်ရမည်ဖြစ်၍ ကျောင်းမုန့်ဈေးတန်းများ ဖွင့်ခွင့်မပေးရန် ဆွေးနွေး 

Covid-19 ကာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းမုန့်ဈေးတန်းများ  ဖွင့်ခွင့်မပေးဘဲ နေအိမ်မှ အစားအသောက် ထည့်ပေးသည့်စနစ် ကျင့်သုံးရန် ပညာရေးဝန်ကြီးဌာနနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ ဆွေးနွေးမှုအတွင်း ထည့်သွင်းဆွေးနွေးထားကြောင်း သိရသည်။

မုန့်ဈေးတန်းဖွင့်လိုက်ရင် ကလေးတွေက လူစုလူဝေးနဲ့ တိုးဝှေ့ပြီး Mask ကလည်း ဖြုတ်လိုက်၊ တပ်လိုက်ဖြစ်မယ်။ လက်ဆေးဖို့ မလွယ်တာကလည်းတစ်ခုပေါ့နော်။ နောက်တစ်ခုက လက်ဆေးဖို့ခက်ရင် Hand Gel သုံးပါဆိုတာကလည်း Hand Gel မှာ အရက်ပျံပါဝင်မှုက အစားအစာစားတဲ့အခါ အန္တရာယ်ဖြစ်၊ မဖြစ်ဆိုတာကလည်းရှိတယ်။ ဒီတော့ မုန့်စားဆင်းချိန်အတွင်းမှာ ကိုယ့်ခုံမှာကိုယ်နေပြီး အိမ်ကယူလာတာ စားမယ်ဆိုရင် ရောဂါကာကွယ်ရေးဘက်က ကြည့်ရင် ပိုထိရောက်မယ်ပေါ့

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အစိုးရနှင့် ပုဂ္ဂလိက အခြေခံပညာကျောင်းများကို ၂၀၂၀ ခုနှစ် ဇူလိုင် (၂၁)ရက်နေ့တွင် အထက်တန်းအဆင့် အတန်းများကိုလည်းကောင်း၊ သြဂုတ်လတွင် အလယ်တန်းအဆင့်များနှင့် မူလတန်းအဆင့်များကို နောက်ဆုံးအသုတ် အဖြစ် ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေခြင်းဖြစ်သည်။

အခြေခံပညာကျောင်းများကို Covid-19 ကာကွယ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များဖြင့် ပြန်လည်ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဇွန်လ (၁၀)ရက်နေ့က Video Conferencing ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~