ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် ရန်ကုန်နှင့် မန္တလေးမှ ပြန်လာသည့် ယာဉ်မောင်း (၂) ဦးတွင် Covid-19 ပိုးတွေ့

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် ရန်ကုန်နှင့် မန္တလေးမှ ပြန်လာသည့် ယာဉ်မောင်း (၂) ဦးတွင် Covid-19 ပိုးတွေ့
ဒီဇင်ဘာ 19, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ  ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် ရန်ကုန်နှင့် မန္တလေးမှ ပြန်လာသည့် ယာဉ်မောင်း (၂) ဦးတွင် Covid-19 ပိုးတွေ့ 
ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရန်ကုန်နှင့် မန္တလေးမှ ပြန်လာသည့် ကုန်တင်ယာဉ်မောင်း (၂) ဦးတွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် Covid-19 ပိုးတွေ့ရကြောင်း သိရသည်။
လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၆၈) ဦးအား RDT Test Kit ဖြင့် စစ်ဆေးရာ ယာဉ်မောင်း(၂)ဦးတွင် Covid-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
Covid-19 ပိုးတွေ့အတည်ပြုလူနာများဖြစ်သည့် အသက်( ၃၀) နှစ်အရွယ် အမျိုးသား ယာဉ်မောင်းမှာ မန္တလေးမြို့မှ ကုန်များတင်ဆောင်၍ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင်လည်းကောင်း ၊ အသက် (၃၂)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားမှာ ရန်ကုန်မြို့မှ ကုန်တင်၍ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းသို့လည်းကောင်း အသီးသီးရောက်ရှိလာခြင်းဖြစ်သည်။ 
ပိုးတွေ့အတည်ပြုလူနာ (၂) ဦးအား လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်သို့ ပို့ဆောင်၍  စောင့်ကြပ်ကုသပေးလျှက်ရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။
ပိုးတွေ့အတည်ပြုလူနာများနှင့်ထိတွေ့ခဲ့သည့် ယာဉ်နောက်လိုက် (၁) ဦးမှာ လတ်တလော စစ်ဆေးချက်အရ ပိုးမတွေ့ရှိသော်လည်း လွိုင်ကော်မြို့ န.တ.လ သင်တန်းကျောင်းတွင် အသွားလာကန့်သက်ထားပြီး ဓာတ်ခွဲနမူနာ ထပ်မံရယူ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
ကယားပြည်နယ်တွင် ဒီဇင်ဘာလ (၁၉) ရက်နေ့ နေ့လယ်ပိုင်းအထိ  Covid-19 အတည်ပြုလူပေါင်း (၇၁)ဦးရှိလာပြီဖြစ်ပြီး ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူ (၂၈)ဦးနှင့် ဆေးကုသမှု ခံယူနေသူ ( ၄၂)ဦးရှိ၍ သေဆုံးသူ (၁)ဦးရှိပြီဖြစ်ကြောင်း သိရသည်။ 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ရွှေလွိုင်ကော် ပရဟိတအသင်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~