ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမှ Covid-19 အတည်ပြုလူနာ (၃)ဦး ဆေးရုံဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမှ Covid-19 အတည်ပြုလူနာ (၃)ဦး ဆေးရုံဆင်း
စက်တင်ဘာ 24, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမှ Covid-19 အတည်ပြုလူနာ (၃)ဦး ဆေးရုံဆင်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေသည့် အထူးဒေသ (၄) ဆီလူးမှ COVID 19 အတည်ပြုလူနာ (၃)ဦးနှင့် ဆေးရုံမှ စောင့်ကြည့်လူနာ (၃)ဦးတို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အတည်ပြုလူနာအားလုံး ဆေးရုံဆင်းပြီဖြစ်သည်။
"မနေ့က အတည်ပြုလူနာ (၃) ဦးရော၊ စောင့်ကြည့်လူနာ (၃)ဦးရော စုစုပေါင်း (၆)ဦး ဆေးရုံဆင်းသွားပါပြီ။ (၆) ဦးလုံးက မိုင်းယန်းကအဖွဲ့ပါ။ အဲဒီထဲကမှ အတည်ပြုလူနာ (၃)ဦးရယ်၊ နောက် အဲဒီ (၃)ဦးနဲ့ မရှေးမနှောင်းပဲ positive သံသယရှိလို့ ဓါတ်ခွဲအဖြေ ထပ်စစ်ဆေးရတဲ့ (၁)ဦး စုစုပေါင်း (၄)ဦး ခရိုင်ကိုဗစ်ကော်မတီကနေ တစ်ဦးကို ခရီးစရိတ် ကျပ် (၁)သိန်းစီလည်း ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ ဆေးရုံက ပေးတာတော့မဟုတ်ပါဘူး။ ကျန်တဲ့ (၂)ဦးကိုတော့ သူတို့ကျန်တဲ့အဖွဲ့တွေနဲ့အတူ မိုင်းလားဘက်က ကူညီပေးထားတယ်လို့ သိရပါတယ်"ဟုကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေးမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၂၄)ရက်နေ့တွင် ပြောသည်။
ခရီးစရိတ်အဖြစ် အတည်ပြုလူနာများဖြစ်ခဲ့သည့် Case 1209, Case 1210, Case 1211 နှင့် Hospital Quarantine ထားသည့် (၃)ဦးထဲက (၁)ဦး အပါအဝင် စုစုပေါင်း (၄)ဦးကို တစ်ဦးလျှင် ကျပ်(၁)သိန်းစီဖြင့် ကျိုင်းတုံခရိုင် COVID-19 ရောဂါကာကွယ်တာဆီးရေးနှင့်ရံပုံငွေရှာဖွေရေးကော်မတီက ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် COVID 19 ပထမလှိုင်းက တာချီလိတ်မြို့မှ အတည်ပြုလူနာ (၂)ဦးနှင့် မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ (၁)ဦးတို့တွေ့ရှိ၍ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူခဲ့ခြင်းဖြစ်ပြီး ဒုတိယလှိုင်းတွင် မိုင်းယန်းမြို့နယ်၊ အထူးဒေသ (၄) ဆီလူးမှ တွေ့ရသည့် အတည်ပြုလူနာ (၃)ဦးကိုလည်း ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျိုင်းတုံ ဆေးရုံ
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~