တာချီလိတ်တွင် သင်္ကြန်ကာလအတွက် ဖွင့်လှစ်ထားသည့် လွယ်တော်ခမ်းချောင်း၊ မယ်ဟုတ်ချောင်း၊ တာလေ နှင့် ဇွဲသာယာတို့အား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ပိတ်သိမ်းရန် အစိုးရအဖွဲ့ ညွှန်ကြား

တာချီလိတ်တွင် သင်္ကြန်ကာလအတွက် ဖွင့်လှစ်ထားသည့် လွယ်တော်ခမ်းချောင်း၊ မယ်ဟုတ်ချောင်း၊ တာလေ နှင့် ဇွဲသာယာတို့အား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ပိတ်သိမ်းရန် အစိုးရအဖွဲ့ ညွှန်ကြား
မတ် 18, 2020
By Tachileik News Agency
တာချီလိတ်တွင် သင်္ကြန်ကာလအတွက် ဖွင့်လှစ်ထားသည့် လွယ်တော်ခမ်းချောင်း၊ မယ်ဟုတ်ချောင်း၊ တာလေ နှင့် ဇွဲသာယာတို့အား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ပိတ်သိမ်းရန် အစိုးရအဖွဲ့ ညွှန်ကြား

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်တွင် သင်္ကြန်ကာလအတွင်း နှစ်စဉ် ဖွင့်လှစ်လေ့ရှိသည့် လွယ်တော်ခမ်းချောင်း (ပုန်းထွန်ချောင်း)၊ မယ်ဟုတ်ချောင်း၊ မိုင်းလင်း(တာလေချောင်း)၊ အပါအဝင် ဇွဲသာယာဆိပ်ကမ်းတို့အား ယခု ၂၀၂၀ သင်္ကြန်တွင် အများပြည်သူ လာရောက် လည်ပတ်နိုင်ရန် ဖွင့်လှစ်ခွင့်အား ခွင့်ပြုပေးထားသော်လည်း လတ်တလော အရေးပေါ် ကာလတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက်  ၂၀၂၀ခုနှစ် မတ်လ(၁၈)ရက်နေ့ကစ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပိတ်သိမ်းရန် ညွှန်ကြားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

"အစိုးရအဖွဲ့က ညွှန်ကြားလာလို့  ရေချောင်းတွေကို ဒီနေ့ပိတ်ခိုင်းလိုက်ပြီ။ အစည်းအဝေး ဆုံးဖြတ်ချက်လာလို့။ တာလေအပါအဝင် ရေချောင်းတွေရောပေါ့၊ ဇွဲသာယာတော့ မနက်ဖြန် စပိတ်မယ်။  မယ်ဟုတ်ချောင်းရယ်၊ လွယ်တော်ခမ်းချောင်းရယ် ဖျက်ခိုင်းထားပြီ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၁၈)ရက်နေ့တွင် ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်သည် လူစုလူဝေးများမှ တဆင့် ကူးစက်မှု မြန်ဆန်စေသည့်အတွက် လူစုလူဝေး ဖြစ်ပေါ်စေသည့် ပွဲလမ်းသဘင်များ၊ အခမ်းအနားများ၊ သင်တန်းများ၊ ဟောပြောပွဲများ စသည်တို့ကို ရှောင်ကြဉ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားသည့်အတွက် သင်္ကြန်ပွဲတော်များကိုလည်း မပြုလုပ်တော့ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

တာချီလိတ်တွင် လူစုလူစုဝေးမှ တဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် သင်္ကြန်ဗဟိုမဏ္ဍာပ်များ တည်ဆောက်ခြင်း ခွင့်ပြုခြင်းများ မရှိတော့သော်လည်း မိမိတို့ အစီအစဉ်ဖြင့် ရေကစားခွင့် ရရှိမည်ဖြစ်ပြီး အတတ်နိုင်ဆုံး လူစုလူဝေးကို ရှောင်ကြဉ်ရန် သက်ဆိုင်ရာများက အသိပေးထားရှိသည်။

တာချီလိတ်တွင် ၂၀၂၀ခုနှစ် မတ်လ(၁၆)ရက်နေ့နှင့် မတ်လ(၁၇)ရက်နေ့များက စ၍လည်း   လူမှုဝန်ထမ်းဉီးစီးဌာန ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်နေသည့် မူကြိုကျောင်းများအားလုံး ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ကိုဇောင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~