နိုင်ငံအတွင်းကိုဗစ် အတည်ပြုလူနာ (၃၂)ဦး ထပ်တိုး

နိုင်ငံအတွင်းကိုဗစ် အတည်ပြုလူနာ (၃၂)ဦး ထပ်တိုး
စက်တင်ဘာ 1, 2020
By Tachileik News Agency
နိုင်ငံအတွင်းကိုဗစ်  အတည်ပြုလူနာ (၃၂)ဦး ထပ်တိုး
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ COVID 19 အတည်ပြုလူနာ (၃၂)ဦး ထပ်တိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့၌ အတည်ပြုလူနာ စုစုပေါင်း (၉၁၉)ဦး ရှိလာပြီဖြစ်သည်။
ဓာတ်ခွဲနမူနာ (၁၇၅၃)ခုကို စစ်ဆေးရာတွင် ရန်ကုန်မှ (၁၅)ဦး၊ ပဲခူးတိုင်း ဝေါမြို့နယ်မှ (၅)ဦး၊ ရခိုင်ပြည်နယ်မှ (၄)ဦးနှင့် မွန်ပြည်နယ်မှ (၈)ဦး စုစုပေါင်း (၃၂)ဦး ထပ်တိုးလာခြင်းဖြစ်သည်။
ဓာတ်ခွဲအတည်ပြုလူနာများမှ (၃၄၈)ဦးမှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်ပြီး သေဆုံးသူ (၆)ဦး ရှိခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ (၁)ရက်နေ့အထိ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID 19 ကူးစက်ခံရသူ (၂၅)သန်းကျော်ရှိနေပြီး ယင်းတို့အနက် (၈)သိန်းကျော်မှာ သေဆုံးခဲ့ရပြီးဖြစ်သည်။
ကူးစက်မှုအများဆုံးနိုင်ငံများတွင် မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံက တတိယအများဆုံးဖြစ်နေခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~