မြန်မာနိုင်ငံအတွင်း covid-19 အတည်ပြုလူနာ (၁၄၆)ဦးအနက် (၁၆)ဦး ပြန်လည်သက်သာကာ (၁၀)ဦး ဆေးရုံဆင်း

မြန်မာနိုင်ငံအတွင်း covid-19 အတည်ပြုလူနာ (၁၄၆)ဦးအနက် (၁၆)ဦး ပြန်လည်သက်သာကာ (၁၀)ဦး ဆေးရုံဆင်း
ဧပြီ 28, 2020
By Tachileik News Agency
မြန်မာနိုင်ငံအတွင်း covid-19 အတည်ပြုလူနာ (၁၄၆)ဦးအနက် (၁၆)ဦး ပြန်လည်သက်သာကာ (၁၀)ဦး ဆေးရုံဆင်း

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့ နံနက်ပိုင်းအထိ COVID 19 အတည်ပြုလူနာ (၁၄၆) ဦးတွေ့ရှိသည့်အနက် လက်ရှိအချိန်ထိ ဆေးရုံတက်ရောက်ကုသမှုခံယူနေဆဲ အတည်ပြုလူနာ စုစုပေါင်း (၁၃၁) ဦး၊ ဆေးရုံဆင်းသူ (၁၀)ဦးနှင့် သေဆုံးသူ (၅)ဦးရှိနေခြင်းဖြစ်သည်။

ဆေးရုံတက်နေသူများအနက် ပြည်လည်ဓါတ်ခွဲစစ်ဆေးပြီး နှစ်ကြိမ်အထိ ရောဂါပိုးမတွေ့ရသူ (၁၆) ဦးရှိသည့်အနက် ဆေးရုံဆင်းသူ (၁၀) ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည်။

လက်ရှိကုသမှုခံယူနေသူများသည် ဝေဘာဂီအထူးကုဆေးရုံတွင် (၆၈)ဦး၊ တောင်ဥက္ကလာအထူးကုဆေးရုံတွင် (၄၀)ဦး၊ ကလေးဆေးရုံတွင် (၆)ဦး၊ တီးတိန်ဆေးရုံတွင် (၅)ဦး၊ ကျိုင်းတုံဆေးရုံတွင် (၃)ဦး၊ မန္တလေး ကန်တော်နဒီဆေးရုံတွင်  (၂)ဦး၊ စဝ်စံထွန်းဆေးရုံတွင် (၁)ဦး ၊ လားရှိုးဆေးရုံတွင် (၁)ဦး၊ မော်လမြိုင်ဆေးရုံတွင် (၁)ဦး၊ မကွေးဆေးရုံတွင် (၁)ဦး၊ မူဆယ်ဆေးရုံတွင် (၁)ဦး၊ မြစ်ကြီးနားဆေးရုံတွင် (၁)ဦးနှင့် စစ်ကိုင်းဆေးရုံတွင် (၁)ဦး ကုသမှုခံယူနေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း ကူးစက်ခံရသူ အတည်ပြုလူနာ (၇)ဦးအနက် တစ်ဦးမှာ ဆေးရုံက ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~