ကျောက်မဲမြို့နယ်အတွင်း Covid-19 ကာကွယ်‌ရေး သတ်မှတ်ချက်ပြည့်မီသည့် စားသောက်ဆိုင်များ ဆိုင်ထိုင်စားစနစ်ဖြင့် ပြန်ဖွင့်နိုင်ရန် တင်ပြထား

ကျောက်မဲမြို့နယ်အတွင်း Covid-19 ကာကွယ်‌ရေး သတ်မှတ်ချက်ပြည့်မီသည့် စားသောက်ဆိုင်များ ဆိုင်ထိုင်စားစနစ်ဖြင့် ပြန်ဖွင့်နိုင်ရန် တင်ပြထား
ဒီဇင်ဘာ 3, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း Covid-19 ကာကွယ်‌ရေး သတ်မှတ်ချက်ပြည့်မီသည့် စားသောက်ဆိုင်များ ဆိုင်ထိုင်စားစနစ်ဖြင့် ပြန်ဖွင့်နိုင်ရန် တင်ပြထား
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်ပေါင်း (၃၀)ကျော် 
Covid-19 ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်အဆင့် ( A )ဖြင့် ဆိုင်ထိုင်စားစနစ် ပြန်ဖွင့်နိုင်ရန် တင်ပြထားကြောင်း သိရသည်။ 
"စည်ပင်သာယာရေးနယ်နိမိတ်ထဲက အဆင့်( A )နဲ့ ဆိုင်ထိုင်စား စနစ်နဲ့ ပြန်ဖွင့်ဖို့တင်ပြထားတာက ဆိုင် (၃၀) ကျော်ရှိတယ်။ တစ်ချို့ ဆိုင်တွေက တင်ပြထားပေမယ့် အဆင်သင့် မဖြစ်သေးတာတွေလည်း ရှိနေသေးတယ်။ ဒါကြောင့် နောက်ဆုံးတစ်ကြိမ်ထပ်ပြီးစစ်ဆေးပြီးမှ ဘယ်နှစ်ဆိုင်ဖွင့်ခွင့် ရတယ်ဆိုတာသိနိုင်မယ်"ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှူဆောင်အရာရှိ ဦးစိုးနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ဒီဇင်ဘာ (၃)ရက်နေ့တွင် ပြောသည်။
Stay at Home အဖြစ် မသတ်မှတ်ထားသည့် မြို့များမှ Covid-19 ကာကွယ်ရေး စည်းမျဥ်းစည်းကမ်း အဆင့်( A) သတ်မှတ်ချက်နှင့် ကိုက်ညီသော ဆိုင်များကို ဒီဇင်ဘာလ (၄)ရက်နေ့၌ ဆိုင်ထိုင်စား စနစ်ဖြင့် ပြန်ဖွင့်ခွင့် ပေးတော့မည်ဟု Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဒီဇင်ဘာလ (၃)ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ကျောက်မဲမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင် စသည့် ဆိုင်ပေါင်း (၁၁၀)ကျော်ရှိပြီး Covid-19 ကာကွယ်ရေး စည်းမျဥ်း၊ စည်းကမ်း သတ်မှတ်ချက် ( A )အဆင့်ဖြင့် ဆိုင်ထိုင်စား စနစ်နှင့် ပြန်ဖွင့်ရန် တောင်းဆိုထားသည့် ဆိုင်ပေါင်း (၃၀)ကျော်ရှိနေခြင်း ဖြစ်သည်။
ကိုဗစ်ကာလအတွင်း ပါဆယ်စနစ်ဖြင့် ရောင်းချနေသည့် ဆိုင်များကို နိုဝင်ဘာလ (၂၁)ရက်နေ့က ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး၊ မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်ပင်သာယာရေးဌာန တို့ပါဝင်သည့် အဖွဲ့ဖြင့် လိုက်လံ စစ်ဆေးခဲ့ပြီး ( A ) အဆင့်ရှိသည့် ဆိုင်များကို စာရင်းကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
 
Tachileik News Agency
သတင်း / ဓါတ်ပုံ - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~