တာချီလိတ်မှ တဆင့် ထိုင်းဘက်သို့ တရားမဝင် ပြန်လာပြီး Covid-19 ပိုးတွေ့ရသည့် ထိုင်းအမျိုး(၃)ဦးကို အရေးယူရန် ပြင်ဆင်

တာချီလိတ်မှ တဆင့် ထိုင်းဘက်သို့ တရားမဝင် ပြန်လာပြီး Covid-19 ပိုးတွေ့ရသည့် ထိုင်းအမျိုး(၃)ဦးကို အရေးယူရန် ပြင်ဆင်
ဒီဇင်ဘာ 16, 2020
By Tachileik News Agency

 

 တာချီလိတ်မှ တဆင့် ထိုင်းဘက်သို့ တရားမဝင် ပြန်လာပြီး Covid-19 ပိုးတွေ့ရသည့် ထိုင်းအမျိုး(၃)ဦးကို အရေးယူရန် ပြင်ဆင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ဘက်မှနေ၍ ထိုင်းဘက်ခိုးဝင် ပြန်သွားပြီး Covid-19 အတည်ပြုလူနာအဖြစ် ဆေးကုသမှုခံယူနေသည့် ထိုင်းအမျိုးသမီး (၃) ဦး ကျန်းမာရေးအခြေအနေကောင်းမွန်လာပြီဖြစ်၍ ထိုင်းလဝက ဥပဒေဖြင့် အမှုဖွင့်သွားရန် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့၌ ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်သို့ ခိုးဝင်ပြန်လာသည့် ထိုင်းအမျိုးသမီး (၃)ဦးကို မယ်ဆိုင်ရဲတပ်ဖွဲ့က အမှု (၃)မှုဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ခိုးဝင်ပြန်လာသည့် အမျိုးသမီး (၃)ဦးအနေဖြင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဒဏ်ငွေ ဘတ် (၂၀၀၀)ထက်မပိုသော ပြစ်ဒဏ်၊ အရေးပေါ်ထုတ်ပြန်ချက်အား ဖောက်ဖျက်မှုအတွက် ဒဏ်ငွေ ဘတ် (၄)သောင်း သို့မဟုတ် ထောင်ဒဏ် (၂)နှစ် သို့မဟုတ် ဒဏ် (၂)ရက်လုံး၊ ကူးစက်ရောဂါထိန်းချုပ်ရေး ညွှန်ကြားချက်အား ဖောက်ဖျက်မှုဖြင့် (၁) နှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ဘတ် (၁)သိန်းထက် မပိုသော ဒဏ်ငွေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည့် အမှုများဖြင့် တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ချင်းရိုင်းခရိုင်တွင် နိုဝင်ဘာလ (၂၈) ရက်နေ့မှ ဒီဇင်ဘာလ (၁၅) ရက်နေ့အတွင်း COVID 19 အတည်ပြုလူနာ (၅၅)ဦးတွေ့ရသည့်အနက် တာချီလိတ်ရှိ 1G1 ဟိုတယ်ရှိ ဖျော်ဖြေရေးလုပ်ငန်းတွင် လုပ်ကိုင်ခဲ့ပြီး နယ်စပ်မှ တရားမဝင်ပြန်လာသည့် ထိုင်းအမျိုးသမီး (၆)ဦးပါဝင်ပြီး အခြားခရိုင်များသို့ရောက်နေသည့် တရားမဝင်ပြန်လာသူ (၄)ဦးကိုလည်း အလားတူအမှုဖွင့် အရေးယူမည်ဟု သိရသည်။
တာချီလိတ်မြို့ ဟိုတယ်များရှိ ဖျော်ဖြေရေးလုပ်ငန်းများအပါအဝင် အခြားလုပ်ငန်းများ လာရောက်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားသည် ယခင်က နယ်စပ်မှ တရားမဝင်ဖြတ်၍ ပြန်နေကြရာ ဒေသတွင်း COVID 19 ထိန်းချုပ်ရခက်သဖြင့် တရားမဝင် နေထိုင်ကြသည့် ထိုင်းနိုင်ငံသားအားလုံးကို မြန်မာလဝကဥပဒေဖြင့် အရေးယူပြီးပြန်ပို့ပေးရန် ထိုင်းဘက်က တာချီလိတ်ဘက်သို့ ညှိနှိုင်းလာခဲ့ပြီးနောက် တရားမဝင်နေထိုင်သည့် ထိုင်း (၉၈)ဦးကို မြန်မာလဝကဥပဒေဖြင့် အရေးယူပြီး COVID 19 ပိုးစစ်ကာ တရားဝင်လမ်းကြောင်းမှ ပြန်လွှဲခဲ့ရခြင်းဖြစ်သည်။
ယင်းသို့ပြန်လွှဲပေးလိုက်သည့် ထိုင်းနိုင်ငံသားများတွင် Hotel Tachileik ရှိ ဖျော်ဖြေရေးလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ထိုင်းအမျိုးသမီးများလည်းပါဝင်ပြီး COVID 19 ပိုးတွေ့ရသူ (၂) ဦးလည်းပါဝင်ခဲ့ခြင်းဖြစ်သည်။ 
Tachileik News Agency
Source: The Nation

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~