စစ်အာဏာသိမ်းမှုကို တော်လှန်နေသည့် မြန်မာနိုင်ငံသားများအတွက် အကာအကွယ်ပေးရေး facebook က သတ်မှတ်ချက်အသစ် ထပ်တိုး ထုတ်ပြန်

စစ်အာဏာသိမ်းမှုကို တော်လှန်နေသည့် မြန်မာနိုင်ငံသားများအတွက် အကာအကွယ်ပေးရေး facebook က သတ်မှတ်ချက်အသစ် ထပ်တိုး ထုတ်ပြန်

 စစ်အာဏာသိမ်းမှုကို တော်လှန်နေသည့် မြန်မာနိုင်ငံအတွက် လူမှုကွန်ရက်အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်အသစ်တစ်ခုကို ၂၀၂၁ ခုနှစ် ဧပြီလ (၁၄) ရက်နေ့ ညနေပိုင်း၌ ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံ၊ ချီးမွမ်းရေးသားခြင်းများကို လူမှုကွန်ရက်မှ ဖယ်ရှားပစ်မည်ဖြစ်ပြီး အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူများအား အကြမ်းဖက်တိုက်ခိုက်နေမှုအား အားပေးထောက်ခံသည့် အရေးအသားများနှင့်ပုံများ၊ အကြမ်းဖက်နေသည့် အာဏာသိမ်းအဖွဲ့၏ လုံခြုံရေးအဖွဲ့တို့အား ပြန်လည်တိုက်ခိုက်မှုကို အားပေးထောက်ခံသည့် အရေးအသားများနှင့် ပုံများအားလုံးကို ဖယ်ရှားမည်ဟု သတိပေးထားခြင်းဖြစ်သည်။



ဥပမာအားဖြင့် ပြည်သူများအား အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းနေသည့်ပုံအား ထောက်ခံကြောင်း ရေးသားခြင်း၊ အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းနေသည့် အာဏာသိမ်းအဖွဲ့၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်တိုက်ခိုက်ခြင်းအား အားပေးထောက်ခံခြင်း၊ အရပ်သားများအား သေစေလောက်သည်အထိ အင်အားသုံးဖြိုခွင်းခြင်းမှာ ဖြစ်သင့်ကြောင်း ပြောဆိုဆွေးနွေးရေးသားမှုများ၊ တိုက်ခိုက်မှုကို အားပေးသည့်အရေးအသားများကို ဖယ်ရှားပစ်မည်ဟု ရေးသားထားသည့်အပြင် မြန်မာ့အခြေအနေကို အနီးကပ်စောင့်ကြည့်ကာ လူမှုကွန်ရက်စာမျက်နှာ လုံခြုံရေးအတွက် လိုအပ်သည်များ ဆောင်ရွက်မည်ဟု ဖေါ်ပြထားသည်။ 



မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းပြီးနောက် ပြည်သူများ လွတ်လပ်စွာထုတ်ဖေါ်မှုကိုခြိမ်းခြောက်၍ ဖမ်းဆီးခံရမှုများရှိနေ၍ မြန်မာလူမှုကွန်ရက်အသုံးပြုသူများ လုံခြုံရေးအတွက် မိမိလူမှုကွန်ရက်စာမျက်နှာကို ကန့်သတ်နိုင်သည့်လုပ်ဆောင်ချက်အသစ်တစ်ခုအား လုပ်ဆောင်ပေးထားခဲ့သည်ကိုလည်း တွေ့ရသည်။



ယင်းအပြင် အာဏာသိမ်းစစ်တပ်နှင့် ၎င်းနှင့်ဆက်နွှယ်သည့် သတင်းဖြန့်ဖြူးရာစာမျက်နှာများကို facebook က ဖေဖေါ်ဝါရီလကတည်းက ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်သည်။