အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများ တရားရုံးဒဏ်ငွေ ကျပ်(၃)သိန်း ပေးဆောင်ပြီး နေရပ်ပြန်

အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများ တရားရုံးဒဏ်ငွေ ကျပ်(၃)သိန်း ပေးဆောင်ပြီး နေရပ်ပြန်
ဒီဇင်ဘာ 12, 2020
By Tachileik News Agency
အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများ တရားရုံးဒဏ်ငွေ ကျပ်(၃)သိန်း ပေးဆောင်ပြီး နေရပ်ပြန်
မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်မြို့တွင်းကို အကြောင်းအမျိုးမျိုးနဲ့ဝင်ရောက်လာပြီး တရားဝင်အထောက်အထားမပြသနိုင်တဲ့ ထိုင်းနိုင်ငံသားတွေကို နေရပ်ပြန်ဖို့ဖို့အတွက် စာရင်းကောက်ယူမှုတွေကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပါတယ်။ 
ဒီလိုကောက်ယူ ရရှိတဲ့ စာရင်းတွေအရ ဒီဇင်ဘာလ (၉) ရက်နေ့မှာ တာချီလိတ်ဆေးရုံဟောင်းဝန်းအတွင်းက Fever Clinic မှာ COVID-19 စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 
Covid-19 စစ်ဆေးပြီးချိန်မှာ နေရပ်ပြန်နိုင်ဖို့အတွက် ရွှေနန်းတော်ကုန်တိုက်မှာ ကိုယ်ရေးအချက်အလက်အသေးစိတ်ကို ရယူခဲ့ပြီး မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ၁၃(၁) အရ ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ တရားစွဲဆိုခဲ့ပါတယ်။ 
တာချီလိတ်မြို့နယ်တရားရုံးမှာ တရားစွဲဆိုတင်ပို့ရာမှာ အမြင့်ဆုံးဒဏ်ကြေး ကျပ်ငါးသိန်း ချမှတ်နိုင်ပေမယ့် နှစ်နိုင်ငံ ဆက်ဆံရေးအရ ဒဏ်ငွေကျပ် သုံးသိန်းသာ ပေးဆောင်ခိုင်းခဲ့ပါတယ်။ 
တရားမဝင် ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသားတွေကို COVID-19 ရောဂါပိုးစစ်ဆေးပြီးမှ တရားဝင်လမ်းကြောင်းကနေ လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 
 တာချီလိတ်မြို့က လုပ်ငန်းရှင်တွေအနေနဲ့ ထိုင်းနိုင်ငံသားတွေခေါ်ယူမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေနဲ့အညီခေါ်ယူဖို့လိုအပ်ပြီး ချိုးဖောက်ရင် ဥပဒေအရအရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ တာချီလိတ်မြို့ကိုရောက်ရှိနေတဲ့ အထောက်အထားမဲ့ထိုင်းနိုင်ငံသားတွေကို တရားစွဲဆိုခဲ့ပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားကနေ တရားဝင်လွှဲပြောင်းပေးခဲ့ရာမှာ တရားဝင်ဝင်ရောက်သူ (၇) ဦးနဲ့ အထောက်အထားမဲ့ထိုင်းနိုင်ငံသား (၉၇) ဦး စုစုပေါင်း ၁၀၄ ဦးကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ 
လွှဲပြောင်းပေးခဲ့တဲ့ ထိုင်းနိုင်ငံသား ၁၀၄ ဦးမှာ Covid-19  အတည်ပြုလူနာ (၅) ဦးပါဝင်ခဲ့တဲ့အတွက် လူနာတင်ယာဉ်တွေနဲ့ စနစ်တကျလွှဲပြောင်းပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး -  ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~