ရှမ်းပြည်နယ်တွင်းသို့ stay at home သတ်မှတ်သည့်ဒေသများမှ လေကြောင်းခရီးဖြင့် လာရောက်သူများသာ quarantine ဝင်ရမည်

ရှမ်းပြည်နယ်တွင်းသို့ stay at home သတ်မှတ်သည့်ဒေသများမှ လေကြောင်းခရီးဖြင့် လာရောက်သူများသာ quarantine ဝင်ရမည်
ဒီဇင်ဘာ 17, 2020
By Tachileik News Agency

ရှမ်းပြည်နယ်တွင်းသို့ stay at home သတ်မှတ်သည့်ဒေသများမှ လေကြောင်းခရီးဖြင့် လာရောက်သူများသာ quarantine ဝင်ရမည်

stay at home သတ်မှတ်ထားသည့် ဒေသများမှ ရှမ်းပြည်နယ်တွင်းသို့ လေကြောင်းခရီးစဉ်ဖြင့် လာရောက်သူများမှလွဲ၍ ကျန်ဒေသများမှ လာရောက်သူများ quarantine ဝင်ရန်မလိုတော့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့၌ ပြင်ဆင်ထုတ်ပြန်လိုက်သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဒီဇင်ဘာလ (၁၆)ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်ပြင်ပမှ လေကြောင်းခရီးဖြင့်လာရောက်သူအားလုံး hotel quarantine ဝင်ပြီး COVID 19 ထပ်မံစစ်ဆေးရန် ညွှန်ကြားထားခြင်းဖြစ်သည်။
ယင်းနောက် ဒီဇင်ဘာလ (၁၇)ရက်နေ့ ထုတ်ပြန်ချက်၌ ယခင်ထုတ်ပြန်ချက်ပါ quarantine သတ်မှတ်ချက်များအစား ပြည်ထောင်စုအဆင့်က သတ်မှတ်ချက်အတိုင်း stay at home ဒေသများမှ လာရောက်သူများကို facility quarantine သို့မဟုတ် hotel quarantine ဝင်ပြီး COVID 19 ထပ်မံစစ်ဆေးရန်နှင့် ကျန်ဒေသများမှ လာရောက်သူများ COVID 19 ထပ်မံစစ်ဆေးရန်မလို၍ quarantine ဝင်ရန်မလိုကြောင်း ပြင်ဆင်ထုတ်ပြန်ထားခြင်းဖြစ်သည်။
stay at home သတ်မှတ်ထားသည့်ဒေသများမှ လာရောက်သူများအနေဖြင့်လည်း facility quarantine သို့မဟုတ် hotel quarantine ကို မိမိတို့အဆင်ပြေရာ ရွေးချယ်နိုင်ကြမည်ဖြစ်ပြီး COVID 19 စစ်ဆေးခြင်းကို PCR သို့မဟုတ် RDT ဖြင့် စစ်ဆေးခြင်းအား မိမိတို့အဆင်ပြေရာ ရွေးချယ်နိုင်မည်ဖြစ်သည်။
quarantine ဝင်ခြင်းနှင့် COVID 19 စစ်ဆေးခြင်းကို မိမိတို့စရိတ်ဖြင့် ကျခံရမည်ဖြစ်သည်။
 Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~