ကယားပြည်နယ် မယ်စဲ့မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦး၌ Covid-19 ပိုးတွေ့

ကယားပြည်နယ် မယ်စဲ့မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦး၌ Covid-19 ပိုးတွေ့
ဒီဇင်ဘာ 4, 2020
By Tachileik News Agency

 

ကယားပြည်နယ် မယ်စဲ့မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦး၌ Covid-19 ပိုးတွေ့

ကယားပြည်နယ်၊ မယ်စဲ့မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာ၍ Quarantine ထားရာ အမျိုးသမီးတစ်ဦး၌ ဒီဇင်ဘာလ(၄)ရက်နေ့တွင် Covid-19 ပိုးတွေ့ရကြောင်း သိရသည်။ 
ပိုးတွေ့ရှိသူ အသက် (၂၉)နှစ်အရွယ် အမျိုးသမီးမှာ ထိုင်းနိုင်ငံ ခွန်ယွန်းမြို့နယ် ဟွေတနွန်ကျေးရွာတွင် ပြောင်းခြံလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ဒီဇင်ဘာလ (၂)ရက်နေ့က ၎င်းနှင့်အတူ အဖော် (၆)ဦးနှင့်  BP-13 တောလမ်းအတိုင်း ခြေလျင်ခရီးဖြင့် မယ်စဲ့မြို့နယ် နန်းမန်း ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ဝင်ရောက်လာခြင်းဖြစ်၍ Quarantine ထားလိုက်ခြင်း ဖြစ်သည်။ 
မယ်စဲ့မြို့နယ်သို့ ဝင်ရောက်လာသူ အမျိုးသမီး  (၄)ဦး နှင့် အမျိုးသား (၃)ဦးတို့သည် ဖရူဆိုမြို့နယ်တွင် နေထိုင်ကြသူများဖြစ်ပြီး ၎င်းတို့ ဝင်ရောက်သည့်နေ့မှာပင်  မယ်စဲ့မြို့အားကစားခန်းမ  နှင့် မြို့နယ်ခန်းမတို့တွင် Quarantine ထားရှိခဲ့ပြီး ဒီဇင်ဘာလ (၄)ရက်နေ့တွင် ၎င်းတို့အား  RDT  ဖြင့် စစ်ဆေးရာ (၆) ဦးတွင် ပိုးမတွေ့ရှိဘဲ အသက်(၂၉)နှစ်အရွယ် အမျိုးသမီးတွင် Covid-19 ပိုးတွေ့ရှိခြင်း ဖြစ်သည်။
Covid-19 ပိုးတွေ့အတည်ပြုလူနာမှာ လက်ရှိတွင် ကျန်းမာရေးကောင်းမွန်၍ မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံကြီး၏ သီးသန့်ကုသဆောင်၌ စောင့်ကြည့်ကုသပေးလျှက်ရှိပြီး အတူ​ပြန်လာသူ (၆)ဦးကိုလည်း  Quarantine ဆက်လက် ထားရှိပြီး ဒုတိယအကြိမ် ဓာတ်ခွဲနမူနာများစစ်ဆေးသွားမည်ဟု မယ်စဲ့မြို့နယ်အုပ်ချုပ်ရေးမှူးက သတင်းမီဒီယာများကို အတည်ပြုဖြေကြားသည်။ 
ကယားပြည်နယ်တွင်  ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့ထိ Covid-19 ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း (၂၇) ဦးရှိပြီ ဖြစ်ပြီး ပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ပြုထားသူ  (၁၈)ဦး နှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေသူ (၈)ဦး၊ ယနေ့ပိုးတွေ့ရှိသူ မယ်စဲ့မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး ရှိကြောင်းသိရသည်။ 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~