လွိုင်ကော်မြို့ ပညာရေးကောလိပ် တွင် ရန်ကုန်မှပြန်လာ၍ အသွားအလာကန့်သက် ခံထားရသူ (၃)ဦးတွင် Covid-19 ပိုးတွေ့ရှိ

လွိုင်ကော်မြို့ ပညာရေးကောလိပ် တွင် ရန်ကုန်မှပြန်လာ၍ အသွားအလာကန့်သက် ခံထားရသူ (၃)ဦးတွင် Covid-19 ပိုးတွေ့ရှိ
ဒီဇင်ဘာ 19, 2020
By Tachileik News Agency

 

ကယားပြည်နယ်အတွင်း Covid-19 အတည်ပြုလူနာ (၃)ဦးတိုး၍ စုစုပေါင်း (၆၉)ဦးအထိ ရှိနေ
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရန်ကုန်က ပြန်လာသည့် (၃)ဦးထံမှ Covid-19 ပိုးကို ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က စစ်ဆေးတွေ့ရှိရသည့်အတွက် ပြည်နယ်အတွင်း အတည်ပြုလူနာ (၆၉)ဦးအထိ ရှိလာကြောင်း သိရသည်။ 
ကယားပြည်နယ်အတွင်း Facility Quarantine Centre များမှ အသွားအလာ ကန့်သတ်ခြင်း ခံထားရသူ (၂၁၆)ဦး၏ ဓာတ်ခွဲနမူနာများအား ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)သို့ ပေးပို့စစ်ဆေးခဲ့ရာတွင် လွိုင်ကော်ပညာရေးကောလိပ်တွင် အသွားလာ ကန့်သတ်ထားသူ (၃)ဦးထံမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
အဆိုပါ ပိုးတွေ့သူထဲတွင် လွိုင်ကော်မြို့ ပညာရေးကေားလိပ်တွင် အသွားလာကန့်သက်ခံထားသည့် အသက် (၃၀)နှစ်အရွယ် အမျိုးသမီး (၁)ဦး ၊ အသက် (၃၆)နှစ်အရွယ်အမျိုးသမီး (၁)ဦး နှင့် အသက် (၂၁)နှစ်အရွယ် အမျိူးသား (၁)ဦး တို့ဖြစ်ပြီး ၎င်းတို့မှာ ရန်ကုန်မြို့မှ လွိုင်ကော်ပညာရေးကောလိပ်သို့ ဒီဇင်ဘာလ (၅)ရက်နေ့တွင် အသီးခြား ရောက်ရှိလာကြသူများဖြစ်ကြောင်း သိရသည်။ 
အသက် (၃၀)နှစ်အရွယ် အမျိုးသမီးမှာ ရန်ကုန်မြို့မှ ဆေးကုသ၍ ပြန်လာသူဖြစ်ပြီး အသက်( ၃၆)နှစ်အရွယ်အမျိုးသမီး မှာ ပြည်ပသို့ သွားရောက် အလုပ် လုပ်ကိုင်ဖို့ သွားရောက်ရန် အဆင်မပြေ၍ ရန်ကုန်မှ ပြန်လာခြင်းဖြစ်ပြီး အသက် (၂၁) နှစ်အရွယ် အမျိုးသားမှာ ရန်ကုန်ဇာတိဖြစ်ကာ ကယားပြည်နယ်တွင် ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်ရန် လာရောက်ခြင်းဖြစ်ပြီး ၎င်းတို့အား ဒီဇင်ဘာလ (၈)ရက်နေ့တွင် RDT ဖြင့် ပထမအကြိမမ် စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိဘဲ ဒုတိယအကြိမ် Swab နမူနာရယူ၍ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)သို့ ပေးပို့စစ်ဆေးခဲ့ရာမှ Covid-19 ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
Covid-19 အတည်ပြုလူနာ သစ် (၃)ဦး၏ လတ်တလော ကျန်းမာရေးအခြေနေမှာ ကောင်းမွန်လျှက်ရှိပြီး လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး သီးခြားကုသဆောင်တွင် ထားရှိ၍ ကုသပေးလျှက်ရှိကြောင်းသိရသည်။ 
ပိုးတွေ့ရှိသူ အတည်ပြုလူနာများနှင့် ထိစပ်ခဲ့သူများအား လွိုင်ကော်​မြို့ န. တ.လ သင်တန်းကျောင်း သို့ဆောင်ကာ အသွားလာကန့်သက်ထာပြီး ဓာတ်ခွဲနမူနာ များထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
ကယားပြည်နယ်တွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့ထိ Covid-19 အတည်ပြုလူပေါင်း (၆၉)ဦးရှိလာပြီဖြစ်ပြီး ရောဂါသက်သာ၍ ဆေးရုံဆင်ခွင့်ရသူ (၂၈)ဦးနှင့် ဆေးကုသမှု ခံယူနေသူ ( ၄၁)ဦးရှိကြောင်း သိရသည်။ 
 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ရွှေလွိုင်ကော် ပရဟိတအသင်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~