မိုင်းယောင်းမြို့တွင် တာချီလိတ်က ပြန်လာသူများနှင့် ထိတွေ့၍ ဒေသတွင်းမှ အမျိုးသား(၂)ဦးတွင် Covid-19 ပိုးတွေ့

မိုင်းယောင်းမြို့တွင် တာချီလိတ်က ပြန်လာသူများနှင့် ထိတွေ့၍ ဒေသတွင်းမှ အမျိုးသား(၂)ဦးတွင် Covid-19 ပိုးတွေ့
ဒီဇင်ဘာ 6, 2020
By Tachileik News Agency

မိုင်းယောင်းမြို့တွင် တာချီလိတ်က ပြန်လာသူများနှင့် ထိတွေ့၍ ဒေသတွင်းမှ အမျိုးသား(၂)ဦးတွင် Covid-19 ပိုးတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ဒေသတွင်းကူးစက်မှုအဖြစ် COVID-19 အတည်ပြုလူနာ (၂) ဦးကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့တွင် တွေ့ရှိသည်။
“မိုင်းယောင်းက ဒေသတွင်းကူးစက်မှုဖြစ်သွားပြီ။ ပထမဆုံးအတည်ပြုလူနာ (၃) ယောက် စီးခဲ့တဲ့ကားက ယာဉ်နောက်လိုက်ရယ်၊ ကောင်မလေးတစ်ယောက်ရဲ့အဖေ အသက် (၆၀) အရွယ်ပေါ့။ သူတို့ Quarantine မဝင်ခင် အိမ်ပြန်လိုက်သလား ကျွန်တော်တို့ မသိလိုက်ဘူး”ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့ ဝမ်ကျောက်လုံငါးကန်(Sky View) စားသောက်ဆိုင်၊ 1G1 ဟိုတယ် KTV နှင့် ရန်အောင်မြေရပ်ကွက်အတွင်းမှ မိုင်းယောင်းမြို့သို့ ရောက်ရှိလာသူ အမျိုးသမီး (၃) ဦးကို ဒီဇင်ဘာလ (၄) ရက်နေ့တွင် စစ်ဆေးရာမှ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရပြီး ၎င်းတို့မှာ နိုဝင်ဘာ (၂၇) ရက်နေ့က ရောက်ရှိလာသူများဖြစ်သော်လည်း နိုဝင်ဘာ (၂၈) ရက်မှသာ Quarantine ထားရှိခဲ့သည်။
တာချီလိတ်မြို့ ဖန်မင်ကျေးရွာအတွင်းရှိ စားသောက်ဆိုင်များတွင် အလုပ်လုပ်ကိုင်ပြီး မိုင်းယောင်းမြို့သို့ ပြန်လည်ရောက်ရှိလာသူ အမျိုးသမီး (၂) ဦးကို ဒီဇင်ဘာလ (၅) ရက်နေ့က စစ်ဆေးရာတွင် COVID-19 ပိုးတွေ့ရှိခဲ့ရသည့်အတွက် မိုင်းယောင်းမြို့၌ COVID-19 အတည်ပြုလူနာအဖြစ် တာချီလိတ်မှပြန်လာသူ အမျိုးသမီး (၅) ဦးနှင့် ဒေသတွင်းကူးစက်သူ အမျိုးသား (၂) ဦး စုစုပေါင်း (၇) ဦးရှိနေသည်။ 
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~