တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္း၌ ေမလ(၁၄)ႏွင့္(၂၂)ရက္ေန႔မ်ားတြင္ ဆိုင္ကယ္ယာဥ္ေမာင္းလိုင္စင္မ်ား ျပဳလုပ္ေပးမည္

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္း၌ ေမလ(၁၄)ႏွင့္(၂၂)ရက္ေန႔မ်ားတြင္ ဆိုင္ကယ္ယာဥ္ေမာင္းလိုင္စင္မ်ား ျပဳလုပ္ေပးမည္
မေ 10, 2019
By Tachileik News Agency

ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံယာဥ္ထိန္းရဲတပ္ဖြဲ႕တို႔ ပူးေပါင္းၿပီး ယာဥ္ေမာင္းလိုင္စင္မ်ားကို တစ္ေနရာထဲတြင္ အၿပီးအစီးလုပ္ေပးမည့္ စီမံခ်က္ကို ၂၀၁၉ ခုႏွစ္ ေမလ (၁၄) ရက္ေန႔ႏွင့္ ေမလ(၂၂)ရက္ေန႔တို႔တြင္ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း နံနက္(၉)နာရီမွ ေန႔လည္(၂)နာရီအထိ  ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"မွတ္ပံုတင္မူရင္း၊ မိတၱဴ(၁)ေစာင္ရယ္၊ ပတ္စပို႔ပံု (၃) ပံုရယ္ လိုပါတယ္။ လိုင္စင္က (က-၁) ဆို က်ပ္(၁၉,၀၀၀) ၊ (က) ဆိုရင္ (၂၉,၀၀၀) က်မယ္ေပါ့။ ဒီ (၁၄) ရက္ေန႔မွာ လုပ္မယ္ဆိုရင္ (၂၄) ရက္ေန႔မွာ လိုင္စင္ေတြ ထုတ္ေပးမွာေပါ့"ဟု တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ စစ္ေဆးေရးမွဴး -၂ ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လိုင္စင္မ်ားကို တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းအတြင္း ၂၀၁၉ခုႏွစ္ ေမလ(၁၄)ရက္ေန႔ ႏွင့္ ေမလ(၂၂)ရက္ေန႔တို႔တြင္ သတ္မွတ္ခ်ိန္မ်ားအျဖစ္ နံနက္ (၉) နာရီမွ ေန့လယ္ (၂) နာရီအထိ ေဆာင္ရြက္ေပးသြားမည္ျဖစ္သည္။

ယာဥ္ေမာင္းလိုင္စင္မ်ားအား သတ္မွတ္ရက္ျဖင့္ ယခုလို ျပဳလုပ္ေပးမည္ျဖစ္ေသာ္လည္း ဆိုင္ကယ္လိုင္စင္မ်ားအား ရံုးဖြင့္ရက္မ်ား၌ တာခ်ီလိတ္ခရိုင္ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရံုးတြင္ လာေရာက္၍ ေန႔ခ်င္းအၿပီး ေဆာင္ရြက္ႏိုင္ေၾကာင္းလည္း သိရွိရၿပီး ဆိုင္ကယ္လိုင္စင္ေဆာင္သည့္ သတ္မွတ္ႏႈန္းထားမ်ားကိုလည္း လာေရာက္ေလ့လာႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ယာဉ်မောင်းလိုင်စင်များကို တစ်နေရာထဲတွင် အပြီးအစီးလုပ်ပေးမည့် စီမံချက်ကို ၂၀၁၉ ခုနှစ် မေလ (၁၄) ရက်နေ့နှင့် မေလ(၂၂)ရက်နေ့တို့တွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း နံနက်(၉)နာရီမှ နေ့လည်(၂)နာရီအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မှတ်ပုံတင်မူရင်း၊ မိတ္တူ(၁)စောင်ရယ်၊ ပတ်စပို့ပုံ (၃) ပုံရယ် လိုပါတယ်။ လိုင်စင်က (က-၁) ဆို ကျပ်(၁၉,ဝဝဝ)၊ (က) ဆိုရင် (၂၉,ဝဝဝ) ကျမယ်ပေါ့။ ဒီ (၁၄) ရက်နေ့မှာ လုပ်မယ်ဆိုရင် (၂၄) ရက်နေ့မှာ လိုင်စင်တွေ ထုတ်ပေးမှာပေါ့"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လိုင်စင်များကို တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း ၂၀၁၉ခုနှစ် မေလ(၁၄)ရက်နေ့ နှင့် မေလ(၂၂)ရက်နေ့တို့တွင် သတ်မှတ်ချိန်များအဖြစ် နံနက် (၉) နာရီမှ နေ့လယ် (၂) နာရီအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ယာဉ်မောင်းလိုင်စင်များအား သတ်မှတ်ရက်ဖြင့် ယခုလို ပြုလုပ်ပေးမည်ဖြစ်သော်လည်း ဆိုင်ကယ်လိုင်စင်များအား ရုံးဖွင့်ရက်များ၌ တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် လာရောက်၍ နေ့ချင်းအပြီး ဆောင်ရွက်နိုင်ကြောင်းလည်း သိရှိရပြီး ဆိုင်ကယ်လိုင်စင်ဆောင်သည့် သတ်မှတ်နှုန်းထားများကိုလည်း လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net