ျမန္မာ - ထိုင္း နယ္နိမိတ္ မယ္ဆိုင္ေခ်ာင္းတြင္ ထုိင္းႏုိင္ငံက ျမန္မာဘက္ကို အသိမေပးဘဲ ေျမထိန္းနံရံကာရံေနမႈႏွင့္ ေရသြယ္ယူထားမႈမ်ား ကန္႔ကြက္လႊာတင္မည္

ျမန္မာ - ထိုင္း နယ္နိမိတ္ မယ္ဆိုင္ေခ်ာင္းတြင္ ထုိင္းႏုိင္ငံက ျမန္မာဘက္ကို အသိမေပးဘဲ ေျမထိန္းနံရံကာရံေနမႈႏွင့္ ေရသြယ္ယူထားမႈမ်ား ကန္႔ကြက္လႊာတင္မည္
မေ 10, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ) ရပ္ကြက္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ရိွ တစ္ဖက္ႏုိင္ငံဘက္ျခမ္းတြင္ မယ္ဆိုင္ေခ်ာင္းကမ္းပါး ေျမထိန္းနံရံတည္ေဆာက္ေနမႈႏွင့္ ေခ်ာင္းေရသြယ္တန္းမႈမ်ားကို ျမန္မာႏုိင္ငံဘက္သို႔ အေၾကာင္းမၾကားဘဲလုပ္ေဆာင္ထားျခင္းကို ၂၀၁၉ ခုႏွစ္၊ ေမလ (၁၀)ရက္ေန႔တြင္ ကန္႔ကြက္လႊာတင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီေန႔ပဲ ကန္႔ကြက္လႊာတင္မွာေပါ့။ ေရသြယ္ထားတဲ့ကိစၥလည္း (၂) ႏိုင္ငံမွ်တစြာသံုးစြဲေရးလုပ္ရမွာေပါ့။ သူတစ္ဝက္ ကိုယ္တစ္ဝက္ေပါ့။ သူ႔ဘက္မ်ားေနရင္ ငါ့တို႔ကကန္႔ကြက္ၿပီး ကိုယ့္ဘက္လည္း စီးေအာင္လုပ္ရမွာေလ။ ႏွစ္ႏိုင္ငံဆိုေတာ့ အဆင္ေျပေအာင္ေျပာဆိုၿပီး လုပ္ရမွာေပါ့။ သူတစ္ဖက္ထဲလည္း လုပ္မရ၊ ကိုယ့္တစ္ဖက္ထဲလည္းလုပ္မရဘူးေပါ့။ သူ႕ဘက္ကလုပ္ရင္လည္း ကိုယ္ကကန္႔ကြက္ၿပီး ျဖစ္သင့္ျဖစ္ထိုက္တာ ျပန္လုပ္ရမွာေပါ့"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နယ္နိမိတ္ေခ်ာင္းႏွင့္ပတ္သက္၍ လုပ္ေဆာင္မႈမ်ားကို ႏွစ္ႏို္င္ငံၾကား အသိေပးညိႇႏိႈင္း ေဆာင္ရြက္ရမည္ျဖစ္ေသာ္လည္း တစ္ဖက္ႏုိင္ငံက အသိမေပးဘဲလုပ္ေဆာင္ထားမႈမ်ားကို ျမန္မာဘက္ျခမ္းက ေမလ (၉)ရက္ေန႔တြင္ ေတြ႔ရိွရသျဖင့္ ကန္႔ကြက္လႊာတင္ရန္အတြက္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕က ေမလ (၁၀) ရက္ေန႔တြင္ ထပ္မံစစ္ေဆးေနျခင္းျဖစ္သည္။

ႏွစ္ႏိုင္ငံနယ္စပ္ျဖစ္သည့္ မယ္ဆိုင္ေခ်ာင္းအတြင္း ေျမထိန္းနံရံတည္ေဆာက္ေနေၾကာင္း သတင္းရရိွသျဖင့္ တာခ်ီလိတ္ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕က ေမလ (၉) ရက္ေန႔ကသြားေရာက္စစ္ေဆးရာ ေရစုပ္စက္ျဖင့္ ေအာက္ေျခရိွေက်ာက္ခဲမ်ားဖယ္ထုတ္ၿပီး ေျမထိန္းနံရံကို ေခ်ာင္းအတြင္း (၃) ေပခန္႔ေဆာက္လုပ္ေနသည္ကိုေတြ႕ရိွခဲ့ရသည့္အျပင္ ေခ်ာင္းတစ္ေလွ်ာက္လိုက္လံစစ္ေဆးရာတြင္ မယ္ဆိုင္ဘက္သို႔ ေရေျမာင္း (၂) ခုျဖင့္ ေရသြယ္ယူထားသျဖင့္ မယ္ဆုိင္ေခ်ာင္းအတြင္း ေရစီးဆင္းျခင္းမရိွေတာ့သည္ကို ေတြ႔ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - NKA


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်နှင့် မျက်နှာချင်းဆိုင်ရှိ တစ်ဖက်နိုင်ငံဘက်ခြမ်းတွင် မယ်ဆိုင်ချောင်းကမ်းပါး မြေထိန်းနံရံတည်ဆောက်နေမှုနှင့် ချောင်းရေသွယ်တန်းမှုများကို မြန်မာနိုင်ငံဘက်သို့ အကြောင်းမကြားဘဲလုပ်ဆောင်ထားခြင်းကို ၂၀၁၉ ခုနှစ်၊ မေလ (၁၀)ရက်နေ့တွင် ကန့်ကွက်လွှာတင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီနေ့ပဲ ကန့်ကွက်လွှာတင်မှာပေါ့။ ရေသွယ်ထားတဲ့ကိစ္စလည်း (၂) နိုင်ငံမျှတစွာသုံးစွဲရေးလုပ်ရမှာပေါ့။ သူတစ်ဝက် ကိုယ်တစ်ဝက်ပေါ့။ သူ့ဘက်များနေရင် ငါ့တို့ကကန့်ကွက်ပြီး ကိုယ့်ဘက်လည်း စီးအောင်လုပ်ရမှာလေ။ နှစ်နိုင်ငံဆိုတော့ အဆင်ပြေအောင်ပြောဆိုပြီး လုပ်ရမှာပေါ့။ သူတစ်ဖက်ထဲလည်း လုပ်မရ၊ ကိုယ့်တစ်ဖက်ထဲလည်းလုပ်မရဘူးပေါ့။ သူ့ဘက်ကလုပ်ရင်လည်း ကိုယ်ကကန့်ကွက်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာ ပြန်လုပ်ရမှာပေါ့"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်နိမိတ်ချောင်းနှင့်ပတ်သက်၍ လုပ်ဆောင်မှုများကို နှစ်နို်င်ငံကြား အသိပေးညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်သော်လည်း တစ်ဖက်နိုင်ငံက အသိမပေးဘဲလုပ်ဆောင်ထားမှုများကို မြန်မာဘက်ခြမ်းက မေလ (၉)ရက်နေ့တွင် တွေ့ရှိရသဖြင့် ကန့်ကွက်လွှာတင်ရန်အတွက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မေလ (၁၀) ရက်နေ့တွင် ထပ်မံစစ်ဆေးနခြေင်းဖြစ်သည်။

နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မယ်ဆိုင်ချောင်းအတွင်း မြေထိန်းနံရံတည်ဆောက်နေကြောင်း သတင်းရရှိသဖြင့် တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မေလ (၉) ရက်နေ့ကသွားရောက်စစ်ဆေးရာ ရေစုပ်စက်ဖြင့် အောက်ခြေရှိကျောက်ခဲများဖယ်ထုတ်ပြီး မြေထိန်းနံရံကို ချောင်းအတွင်း (၃) ပေခန့်ဆောက်လုပ်နေသည်ကိုတွေ့ရှိခဲ့ရသည့်အပြင် ချောင်းတစ်လျှောက်လိုက်လံစစ်ဆေးရာတွင် မယ်ဆိုင်ဘက်သို့ ရေမြောင်း (၂) ခုဖြင့် ရေသွယ်ယူထားသဖြင့် မယ်ဆိုင်ချောင်းအတွင်း ရေစီးဆင်းခြင်းမရှိတော့သည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - NKA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net