မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ရွာရှိ မဲရုံတစ်ခုတွင် တံဆိပ်တုံးအတုနှင့် တွေ့ရသည့် အမျိုးသားမှာ ပါတီတစ်ခုမှ မဲသရုပ်ပြထားသည်ကို နားလည်မှုလွဲ၍ တံဆိပ်တုံး ယူလာခြင်းဖြစ်ဟုဆို

မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ရွာရှိ မဲရုံတစ်ခုတွင် တံဆိပ်တုံးအတုနှင့် တွေ့ရသည့် အမျိုးသားမှာ ပါတီတစ်ခုမှ မဲသရုပ်ပြထားသည်ကို နားလည်မှုလွဲ၍ တံဆိပ်တုံး ယူလာခြင်းဖြစ်ဟုဆို
နိုဝင်ဘာ 8, 2020
By Tachileik News Agency
မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ရွာရှိ မဲရုံတစ်ခုတွင် တံဆိပ်တုံးအတုနှင့် တွေ့ရသည့် အမျိုးသားမှာ ပါတီတစ်ခုမှ မဲသရုပ်ပြထားသည်ကို နားလည်မှုလွဲ၍ တံဆိပ်တုံး ယူလာခြင်းဖြစ်ဟုဆို
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ကျေးရွာရှိ မဲရုံအမှတ် (၃) တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့က UEC စာလုံးမပါသည့် တံဆိပ်တုံးအတုတစ်ခုနှင့် အတူတွေ့ရသည့် အမျိုးသားမှာ နိုင်ငံရေးပါတီတစ်ခုက မဲပေးနည်းသရုပ်ပြစဉ်  အသုံးပြုသည့် တံဆိပ်တုံးအား နားလည်မှုလွဲ၍ ယူဆောင်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
"သူက ရည်ရွယ်ချက်တစ်ခုခုနဲ့ တံဆိပ်တုံးကို ယူလာတာမျိုး မဟုတ်ပါဘူး။ သူတို့ရွာကို ပါတီတစ်ခုက  မဲဆန္ဒပေးနည်း ပညာပေးလာလုပ်တော့ အဲဒီတံဆိပ်တုံးနဲ့ မဲပေးနည်း နမူနာပြတယ်ပေါ့။ အဲဒီမှာ သူနားလည်တာက ဒီတံဆိပ်တုံးကို ယူသွားပြီး မဲပေးရမယ်ဆိုပြီး ယူလာတာတဲ့။ တံဆိပ်တုံးကို ဝှက်ပြီးယူလာတာမျိုးမဟုတ်ဘူး။ ဒီတိုင်းကိုင်ပြီး ဝင်သွားတာတဲ့။ အဲဒါကို သတိမထားမိဘဲ ဒုတိယမြောက် ဆန္ဒမဲလက်မှတ်ထုတ်မယ်ဆိုမှ သူ့လက်ထဲက တံဆိပ်တုံးကို သတိထားမိသွားတာပေါ့။ သူက ဘယ်ပါတီကမှမဟုတ်ဘူး။ စိုက်ပျိုးရေးလုပ်တဲ့သူ တစ်ယောက်ပါပဲ။ တံဆိပ်တုံးမှာလည်း ABC လား အဲဒီလိုရေးထားတယ်"ဟု မိုင်းယောင်းမြို့တွင် ရွေးကောက်ပွဲအတွက် တာဝန်ကျနေသည့် တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးကျော်စွာလွင်က တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဟောင်ကြန့်ကျေးရွာရှိ အလယ်တန်းကျောင်း၌ ဖွင့်ထားသည့် မဲရုံအမှတ် (၃) ၌ ဆန္ဒမဲလာပေးသည့် အမျိုးသားတစ်ဦးထံမှ UEC တံဆိပ်တုံးအတုကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
မဲရုံအတွင်း မဲပေးနေသည့် အမျိုးသားတစ်ဦးထံမှ တံဆိပ်တုံးတွေ့ရသဖြင့် ရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားပြီး အဆိုပါအမျိုးသားကို ရဲစခန်း၌ထိန်းသိမ်းထားကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~