မဲပေးခွင့် မဆုံးရှုံးစေရန် မှတ်ပုံတင်မရှိသေးသူများအတွက် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် ရွေးကောက်ပွဲကော်မရှင်တိုက်တွန်း

မဲပေးခွင့် မဆုံးရှုံးစေရန် မှတ်ပုံတင်မရှိသေးသူများအတွက် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် ရွေးကောက်ပွဲကော်မရှင်တိုက်တွန်း
ဇူလိုင် 25, 2020
By 🌸

မဲပေးခွင့် မဆုံးရှုံးစေရန် မှတ်ပုံတင်မရှိသေးသူများအတွက် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် ရွေးကောက်ပွဲကော်မရှင်တိုက်တွန်း

နိုင်ငံသားတစ်ဦး၏အခွင့်အရေးဖြစ်သည့် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မှတ်ပုံတင်မရှိသေးသူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးဌာနများက ကွင်းဆင်းဆောင်ရွက်ပေးနေရာတွင် မှတ်ပုံတင်မရှိသေးသူများ မှတ်ပုံတင်ပြုလုပ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိက တိုက်တွန်းလိုက်သည်။

"မဲစာရင်းမှာ မှတ်ပုံတင်မရှိတဲ့သူတွေအတွက်ကိုတော့ လက်ရှိမှာ လဝက ကလည်း ဆောင်ရွက်ပေးနေပါတယ်။ အဲဒီဟာ ကျွန်တော်တို့ လူထု ပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်တွေအနေနဲ့ မှတ်ပုံတင်မရှိဘူးဆိုရင်လည်း  ဒါ လဝက ကကွင်းဆင်းဆောင်ရွက်နေတဲ့အချိန်မှာ ကိုယ့်မှတ်ပုံတင်ရရှိဖို့အတွက် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါတယ်"

ဟု  ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးကျော်ဆန်းဝင်းက ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့တွင် ကျင်းပသည့် ကယားပြည်နယ်အစိုးရ၏ စတုတ္ထ(၁)နှစ်တာ ဆောက်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင်  ပြောကြားသည်။

ကယားပြည်နယ်တွင် ပြည်ထဲရေးအမည်မပေါက်သေးသည့်  ရှားတောမြို့နယ်နှင့် မယ်စဲ့မြို့နယ်ရှိ ကျေးရွာများတွင်လည်း မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိစေရန် လျာထားဆောင်ရွက်ထားပေးပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရမည့် မဲဆန္ဒရှင်စာရင်းများအား သက်ဆိုင်ရာ မြို့နယ်ကော်မရှင် ရုံးခွဲများနှင့် ရပ်ကျေးရုံးများတွင် ဇူလိုင်လ (၂၅) ရက်နေ့မှ သြဂုတ်လ (၇) ရက်နေ့ထိ ပထမအကြိမ်  ထုတ်ပြန်ပေးထားပြီဖြစ်သည်။

မိမိတို့နေထိုင်ရာ ရပ်ကွက်ရှိ မဲဆန္ဒရှင်အမည်စာရင်းတွင် မိမိတို့အမည်ပါဝင်ခြင်းမရှိပါက  ပုံစံ(၃)ဖြင့် မိမိအမည်စာရင်းအား ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း နှင့် မဲစာရင်းပါအချက်အလတ်များမှားယွင်းနေပါက ပုံစ ံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများအား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ လျှောက်လွှာထုတ်၍ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

 မဲဆန္ဒရှင်များမှ  ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက မဲဆန္ဒရှင်စာရင်းကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် နောက်ဆုံးအကြိမ် အဖြစ် (၁၄) ရက်ကြာ ထပ်မံ ကပ်ထားကြေညာမည်ဖြစ်သည်။

အသက် (၁၈)ပြည့်ပြီးသည့် နိုင်ငံသားတိုင်းသည် ရွေးကောက်ပွဲတွင် မိမိတို့ ဆန္ဒမဲပေးလိုသည့် နိုင်ငံရေးပါတီ၊ ကိုယ်စားလှယ်လောင်းများအား မဲပေးရွေးချယ်ခွင့်ရှိပြီး မဲစာရင်းတွင် အမည်ပါရှိမှသာ မဲပေးခွင့်ရရှိမည်ဖြစ်ရာ မိမိတို့အမည် မဲစာရင်းတွင် ပါဝင်ခြင်း ရှိ၊မရှိကို မပျက်မကွက်စစ်ဆေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံထားသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~