တာချီလိတ်မြို့အတွက် Covid-19 စစ်ဆေးရန် RDT အခုရေ (၅၀၀၀)ဝယ်ယူနိုင်ရေး လုပ်ငန်းရှင်များ ဝိုင်းဝန်းလှူဒါန်း

တာချီလိတ်မြို့အတွက် Covid-19 စစ်ဆေးရန် RDT အခုရေ (၅၀၀၀)ဝယ်ယူနိုင်ရေး လုပ်ငန်းရှင်များ ဝိုင်းဝန်းလှူဒါန်း
နိုဝင်ဘာ 30, 2020
By Tachileik News Agency

တာချီလိတ်မြို့အတွက် Covid-19 စစ်ဆေးရန်  RDT အခုရေ (၅၀၀၀)ဝယ်ယူနိုင်ရေး လုပ်ငန်းရှင်များ ဝိုင်းဝန်းလှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အတည်ပြုလူနာနှင့် ထိတွေ့သူများကို ထပ်တိုးစစ်ဆေးနိုင်ရန် 
ခရိုင် ကိုဗစ်ကော်မတီနှင့် တာချီလိတ်မှ အလှူရှင်များက  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကိုရီးယားနိုင်ငံမှ RDT အခုရေ (၅,၀၀၀) ကို ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။
"ကိုရီးယားနိုင်ငံထုတ်တဲ့ Test Kit (၅,၀၀၀) လောက်ကိုဝယ်ဖို့ရှိပါတယ်။ လေးငါးရက်အတော်အတွင်းမှာ ရနိုင်ပါတယ်။ ကျွန်တော်တို့ ခရိုင်ကိုဗစ်ကော်မတီက ဦးဆောင်ပြီး အလှူရှင်တွေ လှူဒါန်းမှုနဲ့ ဝယ်ယူမှာပါ။ လူနာတွေနဲ့ ထိတွေ့သူတွေကို ဦးစားပေးစစ်ဆေးသွားမှာပါ။ နောက် တံတား(၂)နဲ့ မယ်ယန်းဂိတ်မှာလည်း စစ်ဆေးမှာပါ" ဟု ခရိုင် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်တွင် နိုဝင်ဘာလ (၃၀) ရက်နေ့အထိ အတည်ပြုလူနာ (၃၄)ဦးရှိနေပြီး ၎င်းတို့နှင့် ဆက်စပ်သူများအား COVID 19 စစ်ဆေးပေးနေရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပံ့ပိုးပေးသည့် RDT များအပြင် ထပ်တိုးစစ်ဆေးနိုင်ရန် တာချီလိတ်ခရိုင်အနေဖြင့် ဝယ်ယူဖြည့်တင်းရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နိုဝင်ဘာလ (၃၀)ရက်နေ့အထိ ဒေသတွင်းမှ ကုမ္ပဏီ၊ လုပ်ငန်းရှင် (၂၁)ဦးက အလှူငွေ  (၁,၃၂၇,၇၇၅)ဘတ် ကို လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~