တာချီလိတ်မြို့ ဆေးရုံဟောင်းရှေ့တွင် ည(၉)နာရီကစ၍ ဖမ်းဆီး စစ်ဆေးမှုများ စတင်

တာချီလိတ်မြို့ ဆေးရုံဟောင်းရှေ့တွင် ည(၉)နာရီကစ၍ ဖမ်းဆီး စစ်ဆေးမှုများ စတင်



နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ယနေ့ ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့ ည(၉)နာရီအချိန်က စတင်ပြီး ဆေးရုံဟောင်း နှင့် အထက(တာချီလိတ်)ကျောင်းရှေ့တွင် လမ်းများပိတ်ပြီး အာဏာသိမ်းစစ်တပ်၏   ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးမှုများကို စတင်လုပ်ဆောင်နေသည်။

စစ်ဆေးသည့်အခါမှာလည်း စစ်ဆေးသည့်အဖွဲ့မှာ လမ်းပေါ်တွင်လည်းရှိနေသလို ဆေးရုံဟောင်းအတွင်းမှာလည်း ရှိနေကြောင်း သိရသည်။

ဆေးရုံဟောင်းရှေ့အပြင် ရန်အောင်မြေရပ်ကွက်ဘက်တွင်လည်း စစ်ဆေးနေပြီး ဆက်လက်၍ မြို့တွင်း ကင်းလှည့်မည်ဟုလည်း သိရသည်။



မေလ(၂)ရက်နေ့ ညပိုင်းက တာချီလိတ်ခရိုင်/မြို့နယ်တရား ဗုံး(၂)လုံး ပေါက်ကွဲမှုဖြစ်တည်းက ညပိုင်း စစ်ဆေး ဖမ်းဆီးမှုများကို လုပ်ဆောင်နေရာ ယနေ့ညသည် ညပိုင်း ပြန်လည်စစ်ဆေးခြင်း၏ ဒုတိယည ဖြစ်သည်။