တာချီလိတ်မြို့မှ လျှပ်စစ်မီးအသုံးပြုသူ မည်သူမဆို ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အဆင်မပြေပါက တိုင်ကြားနိုင်

တာချီလိတ်မြို့မှ လျှပ်စစ်မီးအသုံးပြုသူ မည်သူမဆို ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အဆင်မပြေပါက တိုင်ကြားနိုင်
နိုဝင်ဘာ 19, 2020
By Tachileik News Agency
 
တာချီလိတ်မြို့မှ လျှပ်စစ်မီးအသုံးပြုသူ မည်သူမဆို ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အဆင်မပြေပါက Call Center သို့ ဆက်သွယ် တိုင်ကြားနိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ်တွင် လျှပ်စစ်မီးအသုံးပြုရာ၌ ဝန်ဆောင်မှုများ အပါအဝင် အဆင်မပြေမှုများ ရှိပါက ရုံးသို့ လာရောက်၍ ဖြစ်စေ၊ ဖုန်းဖြင့် ဆက်သွယ်၍ ဖြစ်စေ အသိပေးတိုင်ကြားနိုင်ပြီဖြစ်ကြောင်း မြို့မီးလင်းရေးရုံးက ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့တွင် အသိပေးထားရှိသည်။

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးအား ဝယ်ယူကာ တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်အပါအဝင် လွယ်တော်ခမ်းကျေးရွာအုပ်စု နှင့် မြို့ပြင် ကျေးရွာအုပ်စုများဖြစ်သည့် မိုင်းဖုန်း(က/ခ)ကျေးရွာအုပ်စု နှင့် မိုင်းကိုးကျေးရွာအုပ်စုအထိ ဖြန့်ဖြူးပေးနေရာ လျှပ်စစ်မီး ပြတ်တောက်သည်ဖြစ်စေ၊ ဝန်ဆောင်မှု အဆင်မပြေမှုများရှိသည်ဖြစ်စေ တိုင်ကြားနိုင်မည်ဖြစ်သည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~