ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ဂုတ္တြင္းလမ္းပိုင္း ယာဥ္ေၾကာပိတ္ဆို႔မႈေလွ်ာ့ခ်ႏိုင္ေရးအတြက္ စီမံခ်က္ျဖင့္ ေဆာင္ရြက္ေပးေန

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ဂုတ္တြင္းလမ္းပိုင္း ယာဥ္ေၾကာပိတ္ဆို႔မႈေလွ်ာ့ခ်ႏိုင္ေရးအတြက္ စီမံခ်က္ျဖင့္ ေဆာင္ရြက္ေပးေန
ဇူလိုင် 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း ) ေနာင္ခ်ိဳ - ေက်ာက္မဲလမ္းပိုင္းရွိ ဂုတ္တြင္းလမ္းတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈေလွ်ာ့ခ်ႏိုင္ေရးႏွင့္ ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ပြားပါက အျမန္ဆံုး ေျဖရွင္းေပးႏိုင္ရန္အတြက္ ျပည္နယ္အဆင့္ စီမံခ်က္ ေရးစြဲထားၿပီး အမွတ္ (၁၂၂)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(ေက်ာက္မဲခရိုင္)မွ စီမံခ်က္အတိုင္းေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

"ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္ အမွတ္ (၈၂)နဲ႔ (၈၇ )အၾကားကို ဂုတ္တြင္းလမ္းပိုင္းလို႔ သတ္မွတ္ထားပါတယ္၊ လမ္းပိုင္းဟာ စုစုေပါင္း (၅)မိုင္ေလာက္ပဲရွိပါတယ္၊ မိုးတြင္းပိုင္းမွာက ေႏြရာသီထက္စာရင္ ယာဥ္ေၾကာ ပိတ္ဆို႔မႈ ပိုၿပီးမ်ားပါတယ္၊ အဲ့ဒီအတြက္ ျပည္နယ္အဆင့္ စီမံခ်က္ေရးဆြဲၿပီး စီမံခ်က္အတိုင္း ေဆာင္ရြက္ေပးလ်က္ရွိပါတယ္"ဟု အမွတ္ ( ၁၂၂ ) ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(ေက်ာက္မဲခရိုင္)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးေက်ာ္ေက်ာ္ထြန္းက   တာခ်ီလိတ္သတင္းေအဂ်င္စီ သုိ႔ ေျပာသည္။

စီမံခ်က္အရ ဂုတ္တြင္းလမ္းပိုင္းတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ပြားပါက ေက်ာက္မဲခရိုင္အတြင္းရွိ ေနာင္ခ်ိဳ ယာဥ္ထိန္းရဲတပ္ဖြဲ႔စိတ္မွ အရာရွိ (၁)ဦး၊ အျခားအဆင့္ (၄)ဦး၊ စုစုေပါင္း (၅)ဦး လာေရာက္ ပူးေပါင္းေဆာင္ရြက္ရၿပီး ေက်ာက္မဲယာဥ္ထိန္းရဲတပ္ဖြဲ႔စိတ္မွ အရာရွိ (၁)ဦး အျခားအဆင့္ (၄)ဦး လာေရာက္ပူးေပါင္းေဆာင္ရြက္ရသည့္ အတြက္ ဂုတ္တြင္းယာဥ္ထိန္းရဲတပ္ဖြဲ႔စိတ္ အပါအဝင္ အရာရွိ  (၃)ဦး ႏွင့္ အျခားအဆင့္ (၁၀)ဦး ႏွင့္ စက္အင္အား အျဖစ္ ကရိန္းယာဥ္တစ္စီးသည္ ဂုတ္တြင္းလမ္းပိုင္း အတြက္ အသင့္အေနအထား အၿမဲရွိေနေၾကာင္း သိရသည္။

မိုးတြင္းကာလတြင္ ေတာင္က်ေရမ်ားႏွင့္ ပါလာေသာ ရႊံ႕ေရမ်ားေၾကာင့္ လမ္းေခ်ာ္၍ ယာဥ္မ်ား မေတာ္တဆျဖစ္ကာ ယာဥ္ေၾကာပိတ္ရျခင္း၊ ယာဥ္မ်ားမွ အင္ဂ်င္ဝိုင္မ်ားယိုစိမ့္ျခင္း၊ ဆီမ်ားယိုစိမ့္ျခင္းေၾကာင့္ လမ္းေခ်ာ္၍ မေတာ္တဆျဖစ္ပြားကာ ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ပြားျခင္းအျပင္ မ်ားေသာအားျဖင့္ ေနာက္တြဲယာဥ္မ်ားေပၚ၌ တင္ေဆာင္လာေသာ ကုန္ပစၥည္းမ်ား အေလးခ်ိန္ မညီမွ်မႈေၾကာင့္လဲ ယာဥ္ေၾကာပိတ္ဆို႔မႈ မၾကာခဏျဖစ္ပြားတတ္ေၾကာင္း သိရသည္။

ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ပြားၿပီး အခ်ိန္ၾကာျမင့္ႏိုင္ပါက ေက်ာက္မဲဘက္တြင္ မိုးျမင့္သာ၊ ေရကန္ေတာင္ စသည္တို႔၌ ယာဥ္မ်ားကို ရပ္နားထားေစၿပီး ေနာင္ခ်ိဳဘက္တြင္ ေနာင္ခ်ိဳတိုးဂိတ္ႏွင့္ စိမ္းလဲ့ကန္သာ ယာဥ္ရပ္နား စခန္းတို႔တြင္ ယာဥ္မ်ားကိုရပ္နားထားေစၿပီး ေနာင္ခ်ိဳ၊ ေက်ာက္မဲ ႏွင့္ မူဆယ္ ၿမိဳ႕မ်ားရွိ တိုးဂိတ္မ်ား၌ LED ဆိုင္းဘုတ္မ်ားျဖင့္ ယာဥ္ေၾကာအေျခအေနကို အခ်ိန္ႏွင့္တေျပးညီ ေဖၚျပေပးထားေၾကာင္း သိရသည္။

"အရင္ထက္စာရင္ေတာ့ ယာဥ္ေၾကာပိတ္တာက ရက္နဲ႔ခ်ီၿပီးမျဖစ္ေတာ့တာ ဒီႏွစ္အစပိုင္းေလာက္ကတည္း ကပဲ၊ ဒီေနာက္ပိုင္းမွာ ယာဥ္ေၾကာပိတ္ရင္ နာရီပိုင္းေလာက္ပဲၾကာေတာ့တယ္၊ လမ္းပိုင္းကေတာ့ သိပ္ၿပီးေျပာစရာ မရွိေတာ့ဘူး၊ ယာဥ္ေမာင္းေတြ ဂုတ္တြင္းပိုင္းမွာ စိတ္ရွည္ရွည္နဲ႔ စည္းကမ္းတက်ေမာင္းႏွင္ၾကမယ္၊ ယာဥ္နဲ႔ စက္ရဲ့ ခ်ိဳ႕ယြင္းမႈေတြမျဖစ္ပြားေအာင္ စစ္ေဆးတာေတြလုပ္ၿပီးမွ ေမာင္းႏွင္ၾကမယ္ဆိုရင္ေတာ့ ဂုတ္တြင္းမွာ လမ္းပိတ္တာမ်ိဳးေလ်ာ့နည္းသြားႏိုင္တယ္" ဟု မႏၱေလး- မူဆယ္ ကုန္တင္ယာဥ္ေမာင္းတစ္ဦးျဖစ္ည့္ ကိုေအာင္စိုး က အႀကံျပဳေျပာသည္။

ဂုတ္တြင္းလမ္းပိုင္း၌ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလမွ ဇူလိုင္လ (၂၀)ရက္ေန႔အထိ ယာဥ္ေၾကာပိတ္ဆို႔မႈ (၁၁) ႀကိမ္ ျဖစ္ပြားခဲ့ဖူးၿပီး အမွတ္ (၁၂၂)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(ေက်ာက္မဲခရိုင္)သည္ ျပင္ဦးလြင္ခရိုင္ ေျချမစ္ပင္ ေက်းရြာမွ လားရိႈးခရိုင္ စင့္အင္ေက်းရြာအထိ ျပည္ေထာင္စုလမ္းမႀကီး လမ္းပိုင္း၏ (၉၈)မိုင္ အား တာဝန္ယူကြပ္ကဲေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း ) နောင်ချို - ကျောက်မဲလမ်းပိုင်းရှိ ဂုတ်တွင်းလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုလျှော့ချနိုင်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားပါက အမြန်ဆုံး ဖြေရှင်းပေးနိုင်ရန်အတွက် ပြည်နယ်အဆင့် စီမံချက် ရေးစွဲထားပြီး အမှတ် (၁၂၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်မဲခရိုင်)မှ စီမံချက်အတိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

"ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ် (၈၂)နဲ့ (၈၇ )အကြားကို ဂုတ်တွင်းလမ်းပိုင်းလို့ သတ်မှတ်ထားပါတယ်၊ လမ်းပိုင်းဟာ စုစုပေါင်း (၅)မိုင်လောက်ပဲရှိပါတယ်၊ မိုးတွင်းပိုင်းမှာက နွေရာသီထက်စာရင် ယာဉ်ကြော ပိတ်ဆို့မှု ပိုပြီးများပါတယ်၊ အဲ့ဒီအတွက် ပြည်နယ်အဆင့် စီမံချက်ရေးဆွဲပြီး စီမံချက်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်"ဟု အမှတ် ( ၁၂၂ ) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်မဲခရိုင်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ကျော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

စီမံချက်အရ ဂုတ်တွင်းလမ်းပိုင်းတွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားပါက ကျောက်မဲခရိုင်အတွင်းရှိ နောင်ချို ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ အရာရှိ (၁)ဦး၊ အခြားအဆင့် (၄)ဦး၊ စုစုပေါင်း (၅)ဦး လာရောက် ပူးပေါင်းဆောင်ရွက်ရပြီး ကျောက်မဲယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ အရာရှိ (၁)ဦး အခြားအဆင့် (၄)ဦး လာရောက်ပူးပေါင်းဆောင်ရွက်ရသည့် အတွက် ဂုတ်တွင်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ် အပါအဝင် အရာရှိ (၃)ဦး နှင့် အခြားအဆင့် (၁၀)ဦး နှင့် စက်အင်အား အဖြစ် ကရိန်းယာဉ်တစ်စီးသည် ဂုတ်တွင်းလမ်းပိုင်း အတွက် အသင့်အနေအထား အမြဲရှိနေကြောင်း သိရသည်။

မိုးတွင်းကာလတွင် တောင်ကျရေများနှင့် ပါလာသော ရွှံ့ရေများကြောင့် လမ်းချော်၍ ယာဉ်များ မတော်တဆဖြစ်ကာ ယာဉ်ကြောပိတ်ရခြင်း၊ ယာဉ်များမှ အင်ဂျင်ဝိုင်များယိုစိမ့်ခြင်း၊ ဆီများယိုစိမ့်ခြင်းကြောင့် လမ်းချော်၍ မတော်တဆဖြစ်ပွားကာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခြင်းအပြင် များသောအားဖြင့် နောက်တွဲယာဉ်များပေါ်၌ တင်ဆောင်လာသော ကုန်ပစ္စည်းများ အလေးချိန် မညီမျှမှုကြောင့်လဲ ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်ပွားတတ်ကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားပြီး အချိန်ကြာမြင့်နိုင်ပါက ကျောက်မဲဘက်တွင် မိုးမြင့်သာ၊ ရေကန်တောင် စသည်တို့၌ ယာဉ်များကို ရပ်နားထားစပြေီး နောင်ချိုဘက်တွင် နောင်ချိုတိုးဂိတ်နှင့် စိမ်းလဲ့ကန်သာ ယာဉ်ရပ်နား စခန်းတို့တွင် ယာဉ်များကိုရပ်နားထားစပြေီး နောင်ချို၊ ကျောက်မဲ နှင့် မူဆယ် မြို့များရှိ တိုးဂိတ်များ၌ LED ဆိုင်းဘုတ်များဖြင့် ယာဉ်ကြောအခြေအနေကို အချိန်နှင့်တပြေးညီ ဖော်ပြပေးထားကြောင်း သိရသည်။

"အရင်ထက်စာရင်တော့ ယာဉ်ကြောပိတ်တာက ရက်နဲ့ချီပြီးမဖြစ်တော့တာ ဒီနှစ်အစပိုင်းလောက်ကတည်း ကပဲ၊ ဒီနောက်ပိုင်းမှာ ယာဉ်ကြောပိတ်ရင် နာရီပိုင်းလောက်ပဲကြာတော့တယ်၊ လမ်းပိုင်းကတော့ သိပ်ပြီးပြောစရာ မရှိတော့ဘူး၊ ယာဉ်မောင်းတွေ ဂုတ်တွင်းပိုင်းမှာ စိတ်ရှည်ရှည်နဲ့ စည်းကမ်းတကျမောင်းနှင်ကြမယ်၊ ယာဉ်နဲ့ စက်ရဲ့ ချို့ယွင်းမှုတွေမဖြစ်ပွားအောင် စစ်ဆေးတာတွေလုပ်ပြီးမှ မောင်းနှင်ကြမယ်ဆိုရင်တော့ ဂုတ်တွင်းမှာ လမ်းပိတ်တာမျိုးလျော့နည်းသွားနိုင်တယ်" ဟု မန္တလေး- မူဆယ် ကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်ည့် ကိုအောင်စိုး က အကြံပြုပြောသည်။

ဂုတ်တွင်းလမ်းပိုင်း၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ (၂၀)ရက်နေ့အထိ ယာဉ်ကြောပိတ်ဆို့မှု (၁၁) ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး အမှတ် (၁၂၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်မဲခရိုင်)သည် ပြင်ဦးလွင်ခရိုင် ခြမြေစ်ပင် ကျေးရွာမှ လားရှိုးခရိုင် စင့်အင်ကျေးရွာအထိ ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်း၏ (၉၈)မိုင် အား တာဝန်ယူကွပ်ကဲပေးနခြေင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net