ရှမ်းပြည်နယ်တွင်း Stay at Home ကြေညာရန် နိုဝင်ဘာလ (၁၉) ရက်နေ့အထိ ညွှန်ကြားချက်မရှိသေး

ရှမ်းပြည်နယ်တွင်း Stay at Home ကြေညာရန် နိုဝင်ဘာလ (၁၉) ရက်နေ့အထိ ညွှန်ကြားချက်မရှိသေး
နိုဝင်ဘာ 19, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း Stay at Home ကြေညာရန် နိုဝင်ဘာလ (၁၉) ရက်နေ့အထိ ညွှန်ကြားချက်မရှိသေး
COVID 19 ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၅) ရက်နေ့ အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် stay at home ကြေညာမည်ဟု သတင်းများထွက်နေသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုဝင်ဘာလ (၁၉) ရက်နေ့အထိ ညွှန်ကြားချက်မရောက်သေးကြောင်း  ရှမ်းပြည်နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“အဲဒါ ဗဟိုကနေတော့ မလာသေးပါဘူး။ ဒီတော့ ကြေညာဖို့ မရှိသေးဘူး။ လက်ရှိမှာတော့ ပုံမှန်အတိုင်းပဲ သွားမှာပါ။ မနေ့ကတော့ အစည်းအဝေးလုပ်ပြီးတော့ နည်းနည်း တင်းတင်းကြပ်ကြပ်လေး လုပ်ဖို့တော့ ဆုံးဖြတ်ထားတယ်။ Mask တွေကို တစ်မြို့နယ်ကို (၅,၀၀၀)စီ ထုတ်ပေးပြီးတော့ camping တွေဘာတွေ တင်းတင်းကြပ်ကြပ်လေးလုပ်ဖို့၊ ပညာပေးတွေ တင်းတင်းကြပ်ကြပ်လုပ်ဖို့တော့ ဆုံးဖြတ်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြည်နယ်မှာလည်း အရေအတွက်က တက်လာနေတယ်လေ။ ဒီနေ့ဆို နမ့်ပန်တက်ဂိတ်မှာ ကုန်ကားသမားတွေက အစစ်ဆေးခံဖို့ အတင်းတိုးဝှေ့တက်တာမျိုး လုပ်ချင်တယ်။ အဲဒါ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့တွေ သွားပြီးလုံခြုံရေးတင်းကြပ်တာ လုပ်ရတာပေါ့။ အဓိကကတော့ ပြည်နယ်တွင်းမှာ စည်းပေါက်မသွားအောင်တော့ ထိန်းနေရပါတယ်”ဟု ရှမ်းပြည်နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းက တာချီလိတ်သတင်းအေဂျင်စီသို့  နိုဝင်ဘာလ(၁၉)ရက်နေ့တွင် ပြောသည်။
လတ်တလောတွင် နိုင်ငံအတွင်း COVID 19 ဖြစ်ပွားမှုများသည့်ဒေသများကို stay at home ကြေညာထားခြင်းဖြစ်ရာ ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်အားလုံး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြို့နယ်အားလုံး၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကဝ၊ ပဲခူး၊ သနပ်ပင်၊ မွန်ပြည်နယ်အတွင်းမှ မော်လမြိုင်၊ ဘီးလင်း၊ ကချင်ပြည်နယ်အတွင်းမှ မိုးညှင်း၊ ဖားကန့်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပုသိမ်၊ ဖျာပုံ၊ မအူပင်နှင့် ကျိုက်လတ်တို့ကို stay at home ကြေညာထားခြင်းဖြစ်သည်။
Stay at home သတ်မှတ်ထားခြင်းမှာ အပြင်ထွက်သွားလာခြင်းအား လုံးဝကန့်သတ်ခြင်းမဟုတ်ဘဲ မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်းမပြုရန် ကန့်သတ်ခြင်းသာဖြစ်ပြီး မဖြစ်မနေကိစ္စများအတွက် အပြင်ထွက်သွားလာခွင့်ရမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~