တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ (၃)လအတွင်း ထိုင်းနိုင်ငံသားဦးရေ (၂၀၀) ကျော် နေရပ်ပြန်

တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ (၃)လအတွင်း ထိုင်းနိုင်ငံသားဦးရေ (၂၀၀) ကျော် နေရပ်ပြန်
ဇူလိုင် 3, 2020
By 🌸

တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ (၃)လအတွင်း ထိုင်းနိုင်ငံသားဦးရေ (၂၀၀) ကျော် နေရပ်ပြန်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသား (၃၉) ဦး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့ နံနက်ပိုင်း၌ မယ်ဆိုင်ဘက်သို့ နေရပ်ပြန်သွားရာ တာချီလိတ်ဘက်မှ နေရပ်ပြန်သည့် ထိုင်းနိုင်ငံသား စုစုပေါင်း (၂၀၅)ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသား အမျိုးသား (၂၂) ဦးနှင့် အမျိုးသမီး (၁၇)ဦးကို နံနက် (၉)နာရီခွဲဝန်းကျင်က တာချီလိတ်ဘက်မှ လဝကဌာနခွဲ (၆) လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်ဦးစီးသည့်အဖွဲ့နှင့် CNCMC အဖွဲ့တို့က မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) မယ်ဆိုင်ဘက်ခြမ်းသို့ လွှဲပြောင်းပေးရာ ထိုင်းနိုင်ငံမှ တံတား ၂ တာဝန်ခံအရာရှိ ရဲမှူးနှင့် လဝက အရာရှိတို့က လက်ခံကြကြောင်း သိရသည်။

COVID 19 ကြောင့် လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းထားသည့်အပြင် နယ်စပ်ဝင်ထွက်ပေါက်များကိုလည်း ပိတ်ထားသည့်အတွက် မြန်မာနိုင်ငံ ရောက်နေသည့် ထိုင်းနိုင်ငံသားများ နယ်စပ်ဂိတ်များမှ နေရပ်ပြန်နိုင်ရန် မြန်မာနှင့် ထိုင်းအစိုးရ ညှိနှိုင်းသဘောတူညီချက်အရ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့မှစ၍ ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

တာချီလိတ်နယ်စပ်မှနေ၍ ထိုင်းနိုင်ငံဘက် နေရပ်ပြန်သူဦးရေမှာ ဧပြီလ (၂၀) ရက်နေ့မှစ၍ ဇူလိုင်လ (၃)ရက်နေ့အထိ အမျိုးသား (၁၁၂)ဦးနှင့် အမျိုးသမီး (၉၃)ဦး စုစုပေါင်း (၂၀၅)ဦးရှိနေပြီဖြစ်သည်။
တာချီလိတ် - မယ်ဆိုင်နယ်စပ်မှ တံတားပိတ်ထားသည့်ကာလအတွင်း နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားဦးရေမှာ (၃၀၀၀) ကျော်ရှိနေပြီဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~