တာချီလိတ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအခြေအနေကို စီးပွားကူးသန်း ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအခြေအနေကို စီးပွားကူးသန်း ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး
ဇန်နဝါရီ 25, 2020
By Tachileik News Agency

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအခြေအနေကို စီးပွားကူးသန်း ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်ရှိ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် ပို့ကုန်တင်ပို့နိုင်မှု အခြေအနေများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့်အဖွဲ့က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုသည်။

“ ကျွန်တော်တို့ ပို့ကုန် သွင်းကုန်နဲ့ပတ်သက်လို့ အခုလည်း ဖြေလျှော့မယ့်အပိုင်းတွေလည်းရှိပါတယ်။ မကြာခင် ဒီရက်ပိုင်းအတွင်းမှာ အများကြီးလျှော့ပေးမှာဖြစ်ပါတယ်။ ကုန်သည်အပိုင်းမှာ ဝမ်းသာစရာကတော့ ပါမစ်ယူစရာ မလိုတော့တာတွေလည်း ရှိလာမယ်။ ဒီဘက် လာအို ထိုင်းဘက်မှာ ပို့ကုန်တက်လာတာကိုလည်း တွေ့ရပါတယ်။ ဒါက ဒီဒေသအတွက်ရော နိုင်ငံတော်အတွက်ရော ဝမ်းသာစရာပါ”

ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့်အဖွဲ့သည် နေ့လယ် (၁)နာရီအချိန်တွင် မြန်မာ့လေကြောင်းလေယာဉ်ဖြင့် တာချီလိတ်မြို့သို့ ရောက်ရှိလာပြီးနောက် တာချီလိတ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ဦးကျဟေး ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ၊ မဲခေါင်မြစ်ကြောင်းရှိ ဝမ်ပုံဆိပ်ကမ်း သို့ သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~