တာချီလိတ်ခရိုင်အတွင်း NLD က (၆)ဦး နှင့် USDP က (၄)ဦး အနိုင်ရ

တာချီလိတ်ခရိုင်အတွင်း NLD က (၆)ဦး နှင့် USDP က (၄)ဦး အနိုင်ရ
နိုဝင်ဘာ 11, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း   NLD က (၆)ဦး နှင့် USDP က (၄)ဦး အနိုင်ရ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တချီလိတ်ခရိုင်အတွင်း၌ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ကိုယ်စားလှယ်လောင်း (၆)ဦး နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ (၄)ဦး အနိုင်ရရှိသည်။
တာချီလိတ်မြို့နယ်တွင် NLD က ပြည်သူ့လွှတ်တော် နှင့် ပြည်နယ် မဲဆန္ဒနယ်(၁)(၂)တို့တွင် အနိုင်ရပြီး မိုင်းယောင်းမြို့နယ်တွင်လည်း ပြည်သူ့လွှတ်တော် နှင့် ပြည်နယ် မဲဆန္ဒနယ်(၁)(၂)တို့တွင် အနိုင်ရရှိသည်။

တာချီလိတ်ခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်း မဲဆန္ဒနယ်ဖြစ်သည့် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃)တွင် USDP က အနိုင်ရသည်။

မိုင်းဖြတ်မြို့နယ်တွင် USDP က ပြည်သူ့လွှတ်တော် နှင့် ပြည်နယ် မဲဆန္ဒနယ်(၁)(၂)တို့တွင် အနိုင်ရသည်။

အနိုင်ရရှိသည့် ကိုယ်စားလှယ်လောင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်အတည်ပြုသွားမည်ဖြစ်သည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~