မိုးကုတ်မြို့ အနောက်ပိုင်းတွင် လိုင်းကျင်းတူးရာမှ မြေပြို၍ (၂)ဦးသေ (၃)ဦး ဒဏ်ရာရမိုးကုတ်မြို့ အနောက်ပိုင်းတွင် လိုင်းကျင်းတူးရာမှ မြေပြို၍ (၂)ဦးသေ (၃)ဦး ဒဏ်ရာရ

မိုးကုတ်မြို့ အနောက်ပိုင်းတွင် လိုင်းကျင်းတူးရာမှ မြေပြို၍ (၂)ဦးသေ (၃)ဦး ဒဏ်ရာရမိုးကုတ်မြို့ အနောက်ပိုင်းတွင် လိုင်းကျင်းတူးရာမှ မြေပြို၍ (၂)ဦးသေ (၃)ဦး ဒဏ်ရာရ
ဇွန် 19, 2020
By Tachileik News Agency

မိုးကုတ်မြို့ အနောက်ပိုင်းတွင် လိုင်းကျင်းတူးရာမှ မြေပြို၍ (၂)ဦးသေ (၃)ဦး ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ လူနေရပ်ကွက်တစ်ခုတွင် ဇွန်လ (၁၉ )ရက်နေ့ နံနက်ပိုင်းက နေအိမ်ဆောက်လုပ်ရန် လိုင်းကျင်းတူးရာမှ မြေပြိုကျမှု ဖြစ်ပွားပြီး အမျိုးသား (၂)ဦး သေဆုံးကာ (၁)ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မြေပြိုပြီး လိုင်းကျင်းတူးနေတဲ့ သူ (၃)ယောက် မြေပိသွားတာပါ။ ဖြစ်တာက မနက် (၉)နာရီလောက်မှာဖြစ်တာ။ မနက် (၁၀)နာရီလောက်မှာ အကြောင်းကြား လာတဲ့အတွက် ရှာဖွေ ကယ်ဆယ်ရေး လုပ်ခဲ့ကြပါတယ်။ မြေပိတဲ့ထဲက (၂)ဦးသေပြီး (၁)ဦးက ဒဏ်ရာတွေရထားတယ်

ဟု မိုးကုတ်မြို့ အနောက်ပိုင်း အရံမီးသတ်တပ်ဖွဲ့မှ ကိုကျော်မင်းလှိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

မိုးကုတ်မြို့ အနောက်ပိုင်း၊ ကသည်းအုပ်စု၊ ကသည်းရပ်ရှိ တောင်စောင်းတစ်ခုအနီး လိုင်းကျင်းတူးနေသည့် လုပ်ငန်းခွင် တစ်ခုတွင် ဇွန်လ (၁၉)ရက် မနက်ပိုင်းက မိုးဖွဲဖွဲရွာသွန်းနေစဥ် မြေပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့များ လူမှုရေးအသင်းအဖွဲ့များ နှင့် သက်ဆိုင်ရာများက ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်ပေးခဲ့ကြပြီး ဒဏ်ရာရထားသူအား မိုးကုတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကိုကျော်မင်းလှိုင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~