မင်းဘူးမြို့မှ အသက်(၇၉)နှစ်အရွယ် အတည်ပြုလူနာသေဆုံး၍ မကွေးတိုင်းအတွင်း ဒုတိယမြောက် အတည်ပြုလူနာ သေဆုံးသူဖြစ်လာ

မင်းဘူးမြို့မှ အသက်(၇၉)နှစ်အရွယ် အတည်ပြုလူနာသေဆုံး၍ မကွေးတိုင်းအတွင်း ဒုတိယမြောက် အတည်ပြုလူနာ သေဆုံးသူဖြစ်လာ
နိုဝင်ဘာ 6, 2020
By Tachileik News Agency
မင်းဘူးမြို့မှ အသက်(၇၉)နှစ်အရွယ် အတည်ပြုလူနာသေဆုံး၍ မကွေးတိုင်းအတွင်း ဒုတိယမြောက် အတည်ပြုလူနာ သေဆုံးသူဖြစ်လာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ကျောက်စံကျေးရွာမှ အသက် (၇၉)နှစ်အရွယ် COVID 19 အတည်ပြုလူနာ (၁)ဦး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့ညပိုင်း၌ သေဆုံးသွားသဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ဒုတိယမြောက် အတည်ပြုလူနာ သေဆုံးသူဖြစ်လာသည်။
“သူ့မှာ အဆုတ်ကင်ဆာအခံရှိတယ်လို့သိရပြီး နှလုံးနဲ့သွေးတိုးရောဂါအခံလည်းရှိပါတယ်။ ဆေးရုံကို နိုဝင်ဘာ (၅) ရက် ညနေပိုင်းမှာ တက်ရောက်ခဲ့ပြီး ည သန်းခေါင်အချိန်မှာ ဆုံးသွားတာပါ။ အမှန်တော့ ကျွန်တော်တို့ဆီမှာ ဒေသတွင်း ကူးစက်မှုရှိနေတာကြာပါပြီ။ ဒီအသက်အရွယ်က ဘယ်မှ သိပ်ပြီး သွားသွားလာလာမလုပ်လောက်ဘူး။ အလုပ် လုပ်ဖို့ဖြစ်စေ၊ အခြားအကြောင်းအရာအမျိုးမျိုးနဲ့ အပြင်ကိုသွားလာနေရတဲ့ အတူနေမိသားစုဆီက ကူးစက်ခံရတာဖြစ်ဖို့ များပါတယ်။ ဒီတော့ ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီ လိုက်နာကြဖို့ အထူးလိုအပ်နေပါပြီ” ဟု မင်းဘူးဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မင်းဘူးမြို့နယ်တွင် နိုဝင်ဘာလ (၅)ရက်နေ့ ထုတ်ပြန်ပြီးသည်အထိ COVID-19 ပိုးတွေ့အတည်ပြုလူနာ (၆၃)ဦးရှိသည့်အနက်  (၆၀)ဦးမှာ ဆေးရုံဆင်းသွားနိုင်ပြီဖြစ်သည်။ 
မကွေးတိုင်းအတွင်း ပထမဆုံး အတည်ပြုလူနာ သေဆုံးမှုအဖြစ် နိုဝင်ဘာလ (၅) ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက်မှ အသက် (၇၂)နှစ်အရွယ် လေဖြတ်ဝေဒနာရှင်တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း- ဖီးနစ်
ဓာတ်ပုံ-မောင်မောင်(မင်းဘူး)

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~