မကွေးမြို့နယ်အတွင်း မဲဆန္ဒနယ်ပြင်ပက ရောက်ရှိလာသည့် ကြိုတင်မဲများတွင် NLD က အသာရ

မကွေးမြို့နယ်အတွင်း မဲဆန္ဒနယ်ပြင်ပက ရောက်ရှိလာသည့် ကြိုတင်မဲများတွင် NLD က အသာရ
နိုဝင်ဘာ 9, 2020
By Tachileik News Agency
 မကွေးမြို့နယ်အတွင်း မဲဆန္ဒနယ်ပြင်ပက ရောက်ရှိလာသည့် ကြိုတင်မဲများတွင် NLD က အသာရ
မကွေးမြို့နယ်အတွင်း မဲဆန္ဒနယ်ပြင်ပက ရောက်ရှိလာသည့် ကြိုတင်မဲများကို နိုဝင်ဘာလ (၈) ရက်နေ့ ညနေ (၄)နာရီခွဲအချိန်မှစ၍ ရေတွက်ခဲ့ရာ နိုဝင်ဘာ (၉)ရက် နံနက်ပိုင်းတွင် မဲရေတွက်မှုပြီးစီးခဲ့ပြီး ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၁) တို့တွင် NLD ပါတီ မှ အနိုင်ရရှိခဲ့ပြီး မဲဆန္ဒနယ် (၂)တွင် USDP ပါတီက အနိုင်ရရှိကြောင်း  မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရ ကိုယ်စားလှယ်မှာ NLD ပါတီမှ ဦးမြင့်ဦး ဖြစ်ပြီး ကြိုတင်မဲ ၃၅၁ မဲဖြင့် အနိုင်ရခဲ့ကာ  ဦးအောင်သိန်းကျော် USDP ပါတီ က ၃၂၅ မဲ၊ ဦးဝင်းကိုကို ၊ ပြည်သူ့ရှေ့ဆောင်ပါတီ က ၆ မဲ ၊ ဦးသန်းထွေး (တစည) ပါတီ က ၂မဲ ၊ဒေါ်တင်မိုးခိုင် (UBP)ပြည် ထောင် စုကောင်းကျိုးဆောင်ပါတီက (ဝ)မဲ အသီးသီးရရှိခဲ့ပြီး ပယ်မဲ (၈၁)မဲ ရှိခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်အတွက် အနိုင်ရ ကိုယ်စားလှယ်မှာ NLD ပါတီမှ ဦးရဲတင့် က ကြိုတင်မဲ ၃၅၂ မဲ ဖြင့် အနိုင်ရခဲ့ ကာ ဦးကြည်ထွန်း USDP ပါတီ က ၃၂၉ မဲ ၊ ဦးချမ်းမြေ့ အောင် (တစည) ပါတီက ၂မဲ ၊ဦးဇော်ဝင်း(ခ)ကျော်ကျော် (UBP)ပါတီက ၁ မဲ အသီးသီးရရှိခဲ့ပြီး ပယ်မဲ (၈၁)မဲ သတ် မှတ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) နေရာတွင် NLD ပါတီမှ ဦးကျော်ဌေး က ကြိုတင်မဲ ၁၆၀ ဖြင့် အနိုင်ရခဲ့ ကာ ဦးတင်မျိုးဇော် USDP ပါတီက၃၅မဲ၊ ဦးထွေးလှအောင် (တစည) ပါတီက ၂ မဲ ၊ ဦးရဲမြင့် (UBP)ပါတီက (ဝ) မဲ တို့ အသီးသီးရရှိခဲ့ပြီး ပယ်မဲ(၄၃)မဲ သတ်မှတ်ခဲ့သည်။
တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) နေရာတွင် USDP ပါတီမှ ဦးတင်ဌေးအောင် က ၂၉၂မဲဖြင့် အနိုင်ရခဲ့ ကာ ဒေါ်ခင်ချိုလတ် NLD ပါတီ က ၁၈၈ မဲ ၊ ဦးခင်မောင် ဌေး (ပြည်သူ့ရှေ့ဆောင်ပါတီ)က ၅ မဲ ၊ ဦးအောင်မြင့်ဌေး (တစည) ပါတီက (၁) မဲ ၊ဦးအောင်ပြည့်စုံ(UBP) ပြည် ထောင်စု ကောင်းကျိုးဆောင်ပါတီ က(ဝ) မဲ ၊ ဦးသန်းရှိန် (တစ်သီးပုဂ္ဂ လ)က ၁ မဲ အသီးသီးရရှိခဲ့ပြီး ပယ်မဲ(၄၀)မဲ သတ်မှတ်ခဲ့ကြောင်းသိရသည်
တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ချင်း တိုင်းရင်းသား (၉) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဦးသန်းဌေး (ခ)ဦးဂါဘီ က ( ၂ )မဲ ဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်အတွင်း မဲရုံပေါင်း (၂၆၃) ရုံ၊ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၂သိန်း၄သောင်းကျော် ရှိပြီး နိုင်ငံရေးပါတီ (၆)ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း မကွေးမြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ မှ သိရ သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~