မကွေးတိုင်းဒေသကြီးတွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရသည့် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင် (၅)သိန်းကျော်ရှိနေ

မကွေးတိုင်းဒေသကြီးတွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရသည့် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင် (၅)သိန်းကျော်ရှိနေ
အောက်တိုဘာ 20, 2020
By 🌸
မကွေးတိုင်းဒေသကြီးတွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရသည့် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင် (၅)သိန်းကျော်ရှိနေ
အသက် (၆၀)နှစ်နှင့်အထက်အရွယ်များအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာလ (၂၅) ရက်နေ့မှ နိုဝင်ဘာလ (၅) ရက်နေ့အတွင်း မဲပေးနိုင်ကြတော့မည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း အသက် (၆၀)နှင့်အထက် မဲဆန္ဒရှင် (၅)သိန်းကျော်ရှိကြောင်း သိရသည်။

“မကွေးတိုင်းမှာ အသက်ခြောက်ဆယ်နဲ့အထက်  (၅)သိန်းကျော်ရှိပါတယ်။ ဒီလို ကြိုတင်မဲပေးခွင့်ရရှိမှာဖြစ်တဲ့အတွက် ကိုဗစ်ကပ်ရောဂါကူးစက်မှုကိုလည်း ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်”

ဟု မကွေးတိုင်းကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
အသွားအလာကန့်သတ်မှုပြုလုပ်ထားသော Stay At Home ကြေငြာခံထားရသည့် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များ ၊ လူဦးရေထူထပ်သည့်ဒေသများ ၊ တစ်စတုရန်းကီလိုမီတာတွင် ပျမ်းမျှလူဦးရေ (၅၀၀၀) ဦးနှင့်အထက်နေထိုင်သော နေရာဒေသများမှ အသက်(၆၀)နှင့် အထက် သက်ကြီးပုဂ္ဂိုလ်များအား ရွေးကောက်ပွဲကော်မရှင်က အိမ်အ‌ရောက်သွား၍ ဆန္ဒမဲကောက်ခံပေးမည်ဖြစ်ကြောင်းသိရပြီး  ကျန်နေရာများမှ အသက်(၆၀)နှင့်အထက်ပုဂ္ဂိုလ်များကမူ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ကိုယ်တိုင်သွားရောက်ကာ ကြိုတင်ဆန္ဒမဲပေးရမည်ဖြစ်ကြောင်း သိရသည်။  
ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်ရှင် ရွေးကောက်ပွဲဥပဒေ (၄၉) ၊ နည်းဥပဒေ ၅၁ တို့အရ အသက်အရွယ်ကြီးရင့်နေသူများ ကြိုတင်မဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးခွင့်ရရှိမည်ဖြစ်ရာ ရွေးကောက်ပွဲလေ့လာသူများကို ဖိတ်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး မကွေးတိုင်းဒေသကြီးတွင် မဲဆန္ဒရှင်ဦးရေ (၃၂)သိန်းကျော်ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~