ထိုင်းနိုင်ငံ ချင်းမိုင်တွင် မြန်မာနိုင်ငံမှ ပြန်လာပြီး Quarantine မဝင်သည့် ထိုင်းအမျိုးသမီးတစ်ဦး၌ COVID 19 ပိုးတွေ့

ထိုင်းနိုင်ငံ ချင်းမိုင်တွင် မြန်မာနိုင်ငံမှ ပြန်လာပြီး Quarantine မဝင်သည့် ထိုင်းအမျိုးသမီးတစ်ဦး၌ COVID 19 ပိုးတွေ့
နိုဝင်ဘာ 28, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ ချင်းမိုင်တွင် မြန်မာနိုင်ငံမှ ပြန်လာပြီး Quarantine မဝင်သည့် ထိုင်းအမျိုးသမီးတစ်ဦး၌ COVID 19 ပိုးတွေ့
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံမှ ပြန်လာပြီး Quarantine မဝင်သည့် ထိုင်းအမျိုးသမီးတစ်ဦးတွင် COVID 19 စစ်ဆေးတွေ့ရကြောင်း ထိုင်းကျန်းမာရေးဌာနက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ အမျိုးသမီးသည် နိုဝင်ဘာလ (၂၃)ရက်နေ့ကတည်းက အနံ့ပျောက်နေခြင်းဖြစ်ပြီး နိုဝင်ဘာလ (၂၆)ရက်နေ့က ခေါင်းကိုက်၊ ဖျားနာနှင့် ဝမ်းလျှောသဖြင့် စစ်ဆေးရာမှ COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြန်လာပြီး Quarantine မဝင်သည့် အကြောင်းရင်းကို ကျန်းမာရေးဌာနက တရားဝင် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ အဆိုပါကိစ္စကို ချင်းမိုင်တာဝန်ရှိသူများက ကျန်းမာရေးဌာန တာဝန်ရှိသူများနှင့် နိုဝင်ဘာလ (၂၈) ရက်နေ့၌ ဆွေးနွေးနေကြောင်း သိရသည်။
Tachileik News Agency
source: Bangkok Post

 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~