မိုင်းတုံ - တာဆန်း လမ်းတွင် လမ်းလုပ်သားတစ်ဦး ကားတိုက်ခံရပြီး ကားပိ၍ သေဆုံး

မိုင်းတုံ - တာဆန်း လမ်းတွင် လမ်းလုပ်သားတစ်ဦး ကားတိုက်ခံရပြီး ကားပိ၍ သေဆုံး
ဖေဖော်ဝါရီ 24, 2020
By Tachileik News Agency
မိုင်းတုံ - တာဆန်း လမ်းတွင် လမ်းလုပ်သားတစ်ဦး ကားတိုက်ခံရပြီး ကားပိ၍ သေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ကို ဆက်သွယ်ထားသည့် မိုင်းတုံ - တာဆန်း - တောင်ကြီးလမ်းတွင် လမ်းလုပ်သားတစ်ဦး  ယာဉ်တိုက်ခံရပြီး ယာဉ်ပိ၍ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နေ့လည်(၂)နာရီ ဝန်းကျင်အချိန်က မိုင်းတုံမြို့ မှ တောင်ကြီးဘက်သို့ အသက်(၃၂)နှစ်ရှိ မောင်ခိုင် မောင်းလာသော မော်တော်ယာဉ်သည် မိုင်းတုံမြို့အလွန် မိုင်တိုင်အမှတ်(၁၉၅) နှင့် (၁၉၆)ကြား လမ်းအကွေ့အရောက်တွင် ကားဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ ကားလမ်း၏ တစ်ဖက်ယာဉ်ကြောတွင် ရပ်နေသည့် လမ်းလုပ်သားဖြစ်သူ အသက်(၄၂)နှစ်ရှိ ဦးကျော်ဇေယျဆိုသူအား ဝင်တိုက်မိရာမှ ယာဉ်မှာ လဲကျသွားပြီး လမ်းလုပ်သားမှာလည်း ယာဉ်လဲကျကာ ပိသွားရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ မောင်ခိုင် မိုင်းတုံမြို့မရဲစခန်းတွင် ယာဉ်(ပ)၁/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ၊၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~