ဖမ္း၀ရမ္းထုတ္ထားသည့္ ေက်ာ္ျမင့္(ခ)မိုက္ကယ္ေက်ာ္ျမင့္အား ေယာကၡမအိမ္တြင္ ဖမ္းဆီးရမိေၾကာင္း ရဲတပ္ဖြဲ႔ ထုတ္ျပန္

ဖမ္း၀ရမ္းထုတ္ထားသည့္ ေက်ာ္ျမင့္(ခ)မိုက္ကယ္ေက်ာ္ျမင့္အား ေယာကၡမအိမ္တြင္ ဖမ္းဆီးရမိေၾကာင္း ရဲတပ္ဖြဲ႔ ထုတ္ျပန္
ဇွန် 10, 2019
By Tachileik News Agency

ရန္ကုန္တုိင္းေဒသႀကီး၊ ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တရားရံုးမွ ဝရမ္းထုတ္လိုက္ၿပီးေနာက္ ထြက္ေျပးတိမ္းေရွာင္ေနသည့္ ေက်ာ္ျမင့္(ခ) မုိက္ကယ္ေက်ာ္ျမင့္ကို ေယာကၡအိမ္တြင္ ပုန္းခိုေနေၾကာင္းသတင္းအရ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၀)ရက္ေန႔တြင္ ဖမ္းဆီးရမိလုိက္ေၾကာင္း ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ထားရွိသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တရား႐ုံး၊ ရာႀကီးမႈအမွတ္ ၈၂၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ) အမႈမွ ထြက္ေျပးတိမ္းေရွာင္ေနသျဖင့္ ေက်ာ္ျမင့္(ခ)မိုက္ကယ္ေက်ာ္ျမင့္ အား တရားရံုးက ဖမ္းဝရမ္းထုတ္ထားျခင္းျဖစ္သည္။

ေတာင္ဒဂံုၿမိဳ႕နယ္အတြင္း အစၥလမ္ဘာသာေရး ဝတ္ျပဳဆုေတာင္းေဆာင္မ်ား ပိတ္သိမ္းရန္ လူစုျဖင့္လုပ္ေဆာင္ခဲ့သည့္ ေက်ာ္ျမင့္(ခ) မုိက္ကယ္ေက်ာ္ျမင့္ႏွင့္  သီဟမ်ိဳးႏိုင္တို႔အား တရားစြဲဆိုထားရာတြင္ သီဟမ်ိဳးႏုိင္က တရားရံုးအမႈကိုရင္ဆုိင္ေနေသာ္လည္း ေက်ာ္ျမင့္(ခ) မုိက္ကယ္ေက်ာ္ျမင့္မွာ ထြက္ေျပးတိမ္းေရွာင္ေနျခင္းျဖစ္သည္။

ရဲတပ္ဖြဲ႕က အလိုရိွတရားခံေျပးစာရင္းကို ထုတ္ျပန္ေၾကညာၿပီးေနာက္ ေက်ာ္ျမင့္(ခ)မုိက္ကယ္ေက်ာ္ျမင့္ ပုန္းေအာင္းရာေနရာကို ျပည္သူတစ္ဦးက ရဲတပ္ဖြဲ႕ထံ အသိေပးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံးမှ ဝရမ်းထုတ်လိုက်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် ကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့်ကို ယောက္ခအိမ်တွင် ပုန်းခိုနေကြောင်းသတင်းအရ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့တွင် ဖမ်းဆီးရမိလိုက်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံး၊ ရာကြီးမှုအမှတ် ၈၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှုမှ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့် အား တရားရုံးက ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။

တောင်ဒဂုံမြို့နယ်အတွင်း အစ္စလမ်ဘာသာရေး ဝတ်ပြုဆုတောင်းဆောင်များ ပိတ်သိမ်းရန် လူစုဖြင့်လုပ်ဆောင်ခဲ့သည့် ကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့အား တရားစွဲဆိုထားရာတွင် သီဟမျိုးနိုင်က တရားရုံးအမှုကိုရင်ဆိုင်နေသော်လည်း ကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့်မှာ ထွက်ပြေးတိမ်းရှောင်နခြေင်းဖြစ်သည်။

ရဲတပ်ဖွဲ့က အလိုရှိတရားခံပြေးစာရင်းကို ထုတ်ပြန်ကြေညာပြီးနောက် ကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့် ပုန်းအောင်းရာနေရာကို ပြည်သူတစ်ဦးက ရဲတပ်ဖွဲ့ထံ အသိပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net