လားရှိုးတက္ကသိုလ် ကျောင်းသား၊ကျောင်းသူ (၆၈)ဦးကို ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများတွင် အချိန်ပိုင်းအလုပ်ရရှိရေး ဆောင်ရွက်ပေးမည်

လားရှိုးတက္ကသိုလ် ကျောင်းသား၊ကျောင်းသူ (၆၈)ဦးကို ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများတွင် အချိန်ပိုင်းအလုပ်ရရှိရေး ဆောင်ရွက်ပေးမည်
ဒီဇင်ဘာ 10, 2018
By 🌸
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်းဆင်းထားသည့် လားရှိုးတက္ကသိုလ်မှ အဝေးသင် ကျောင်းသူ၊ ကျောင်းသား (၆၈) ဦး အလုပ်အကိုင်ရရှိရေးအတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်၍ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ ရှမ်းပြည်နယ်မြောက်ပိုင်းဇုန်က တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(MHA)က လားရှိုးတက္ကသိုလ်အတွင်း လေးပတ်ကြာဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ (၆၈)ဦးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့က သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းဖြစ်သည်။

" အဝေးသင်တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသူ/ကျောင်းသားတွေကို အလုပ်အကိုင်အခွင့်အလမ်း ရရှိစေဖို့အတွက် ရည်ရွယ်ပြီးတော့ အဝေးသင်တက္ကသိုလ်တက်နေသူတွေအတွက် ဒီနှစ်မှာ ပထမဦးဆုံး ဟိုတယ်ဆိုင်ရာ အခြေခံသင်တန်းကို ပြုလုပ်ပေးတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးမှာဆိုရင် MHA က ပြုလုပ်ပေးတဲ့ (၁၅) ကြိမ်မြောက် သင်တန်းဖြစ်ပါတယ်" ဟု  မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ( MHA )မှ ရှမ်းပြည်နယ်မြောက်ပိုင်းဇုန်၏ ဥက္ကဌဦးဇော်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထို့ပြင် လားရှိုးတက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် ကျောင်းသူ/သားများထံမှ စစ်တမ်းကောက်ယူ ချက်အရ လားရှိုးမြို့အပါအဝင် ၊ရန်ကုန်၊ နေပြည်တော် နှင့် မူဆယ် မြို့များရှိ ဟိုတယ်များအတွင် အလုပ် လုပ်ကိုင် လိုကြောင်း လျှောက်လွှာများ ရရှိထားသည့်အတွက် တက္ကသိုလ်ကျောင်းသူ/သားများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ရှမ်း/မြောက်ဇုန်မှ စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းများအနေဖြင့် ဟိုတယ်များတွင် အချိန်ပိုင်းအလုပ်များ လုပ်ကိုင်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်းသိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးတကဿကသိုလ် ကျောင်းသား၊ကျောင်းသူ (၆၈)ဦးကို ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများတွင် အချိန်ပိုင်းအလုပ်ရရှိရေး ဆောင်ရွက်ပေးမည်
***********
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်းဆင်းထားသည့် လားရှိုးတကဿကသိုလ်မှ အဝေးသင် ကျောင်းသူ၊ ကျောင်းသား (၆၈) ဦး အလုပ်အကိုင်ရရှိရေးအတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်၍ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ ရှမ်းပြည်နယ်မြောက်ပိုင်းဇုန်က တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(MHA)က လားရှိုးတကဿကသိုလ်အတွင်း လေးပတ်ကြာဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ (၆၈)ဦးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့က သင်တန်းဆင်းလက်မှတ်များပေးအပ်လိုက်ခြင်း ဖြစ်သည်။

" အဝေးသင်တကဿကသိုလ်တက်ရောက်နေတဲ့ ကျောင်းသူ/ကျောင်းသားတွေကို အလုပ်အကိုင်အခွင့်အလမ်း ရရှိစေဖို့အတွက် ရည်ရွယ်ပြီးတော့ အဝေးသင်တကဿကသိုလ်တက်နေသူတွေအတွက် ဒီနှစ်မှာ ပထမဦးဆုံး ဟိုတယ်ဆိုင်ရာ အခြေခံသင်တန်းကို ပြုလုပ်ပေးတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးမှာဆိုရင် MHA က ပြုလုပ်ပေးတဲ့ (၁၅) ကြိမ်မြောက် သင်တန်းဖြစ်ပါတယ်" ဟု  မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ( MHA )မှ ရှမ်းပြည်နယ်မြောက်ပိုင်းဇုန်၏ ဥကဿကဌ ဦးဇော်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထို့ပြင် လားရှိုးတကဿကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် ကျောင်းသူ/သားများထံမှ စစ်တမ်းကောက်ယူ ချက်အရ လားရှိုးမြို့အပါအဝင် ၊ရန်ကုန်၊ နေပြည်တော် နှင့် မူဆယ် မြို့များရှိ ဟိုတယ်များအတွင် အလုပ် လုပ်ကိုင် လိုကြောင်း လျှောက်လွှာများ ရရှိထားသည့်အတွက် တကဿကသိုလ်ကျောင်းသူ/သားများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ရှမ်း/မြောက်ဇုန်မှ စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းများအနေဖြင့် ဟိုတယ်များတွင် အချိန်ပိုင်းအလုပ်များ လုပ်ကိုင်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်းသိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~