နိုင်ငံအတွင်း Covid-19 ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်းလိုင်းများ ရပ်ဆိုင်းမှု နိုဝင်ဘာလ(၃၀)ရက်နေ့အထိ ထပ်တိုး

နိုင်ငံအတွင်း Covid-19 ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်းလိုင်းများ ရပ်ဆိုင်းမှု နိုဝင်ဘာလ(၃၀)ရက်နေ့အထိ ထပ်တိုး
နိုဝင်ဘာ 12, 2020
By Tachileik News Agency

 

နိုင်ငံအတွင်း Covid-19 ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်းလိုင်းများ ရပ်ဆိုင်းမှု နိုဝင်ဘာလ (၃၀)ရက်နေ့အထိ ထပ်တိုး
မြန်မာနိုင်ငံအတွင်း Covid-19 ရောဂါကူးစက် ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် ပြည်တွင်း လေကြောင်းပြေးဆွဲမှု ရပ်ဆိုင်းခြင်းများအားလုံးကို ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့အထိ ထပ်တိုးမြှင့်လိုက်ကြောင်း လေကြောင်းလိုင်းများက နိုဝင်ဘာလ(၁၂)ရက်နေ့တွင် အသိပေးကြေညာထားရှိသည်။

နိုင်ငံအတွင်း Covid-19 ကူးစက်ပြန့်ပွားမှု ပိုမိုမြင့်တက်လာသည့်အတွက် လေကြောင်းများအားလုံး ရပ်ဆိုင်းခြင်းကို ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့အထိ သတ်မှတ်ထားရာမှ ယခုအခါတွင် နိုဝင်ဘာလ(၃၀)ရက်နေ့အထိ ပြောင်းလဲ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း၌ ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ နိုဝင်ဘာလ(၁၂)ရက်နေ့ ည(၈)နာရီအထိတွင် Covid-19 ကူးစက်ခံရသူ အရေအတွက် စုစုပေါင်း (၆၅,၅၉၈)ဦးအထိ ရှိနေပြီး သေဆုံးသူ စုစုပေါင်းမှာလည်း (၁,၅၀၈)ဦးအထိ ရှိနေကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~