ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့တွင် ဆန္ဒမဲပေးသူများ သတ်မှတ်အကွာအဝေးဖြင့် တန်းစီစောင့်ဆိုင်းရေး ကြပ်မတ်ဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့တွင် ဆန္ဒမဲပေးသူများ သတ်မှတ်အကွာအဝေးဖြင့် တန်းစီစောင့်ဆိုင်းရေး ကြပ်မတ်ဆောင်ရွက်
နိုဝင်ဘာ 8, 2020
By Tachileik News Agency
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့တွင် ဆန္ဒမဲပေးသူများ သတ်မှတ်အကွာအဝေးဖြင့် တန်းစီစောင့်ဆိုင်းရေး ကြပ်မတ်ဆောင်ရွက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ မဲရုံများ၌ နိုဝင်ဘာလ (၈) ရက်နေ့ နံနက် (၆) နာရီအချိန်မှ စတင်၍ မဲဆန္ဒရှင်များ ဆန္ဒမဲပေးနေကြရာ သတ်မှတ်အကွာအဝေးဖြင့် တန်းစီစောင့်ဆိုင်း မဲပေးနိုင်ရန် စီစဉ်ပေးနေသည်ကို တွေ့ရသည်။
COVID 19 ကာလဖြစ်သဖြင့် ဆန္ဒမဲလာပေးသူများကို COVID 19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် မဲရုံအဝင်ဝ၌ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်ဆေးရည် (Hand Gel)ဖြင့် လက်ကိုဆေးကြောပေးခြင်း၊ KN 95 Mask များ ဝေငှပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်  မဲရုံပေါင်း (၆၈) ရုံဖွင့်ထားပြီး မဲဆန္ဒရှင်ပြည်သူပေါင်း (၂၇၁၉၁) ဦး ဆန္ဒမဲပေးခွင့်ရထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - အားချာ
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~