တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော် ဧရိယာအတွင်း ဆိုင်ကယ်တစ်စီး ခိုးခံရ

တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော် ဧရိယာအတွင်း ဆိုင်ကယ်တစ်စီး ခိုးခံရ
နိုဝင်ဘာ 22, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော် ဧရိယာအတွင်း ဆိုင်ကယ်တစ်စီး ခိုးခံရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်အနီး  ဆိုင်ကယ်ရပ်နားရန် နေရာတွင် ရပ်တန့်ထားသည့် ဆိုင်ကယ်တစ်စီး ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့ ည(၇)နာရီ မိနစ်(၂၀)ဝန်းကျင်အချိန်က ခိုးခံရကြောင်း သိရသည်။

ဆိုင်ကယ်အား တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်အတွင်းသို့ ဝင်မည့် ဝင်ပေါက်အနီး ဆိုင်ကယ်ရပ်နားရန် နေရာတွင် ဇက်သော့ခတ်၍ ရပ်ထားခဲ့ပြီး ရင်ပြင်အတွင်းဝင်ရောက်ပြီး အထွက်တွင် ဆိုင်ကယ်မှာ ရပ်ထားသည့် နေရာတွင် မရှိတော့၍ ခိုးယူခံရခြင်း ဖြစ်ကြောင်း သိရသည်။

ခိုးခံရသည် ဆိုင်ကယ်အမျိုးအစားမှာ ၂၀၁၉ခုနှစ် ထုတ် Wave 110 အမျိုးအစား နက်/ပြာရောင်ဖြစ်၍ သက်ဆိုင်ရာသို့ အသိပေးထားရှိကြောင်း နှင့် ဆိုင်ကယ်အား လာရောက်ရောင်းချသည်များရှိပါက ဖုန်း 09883653533 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရန် ပိုင်ရှင်ဖြစ်သူမှ အကူအညီတောင်းခံထားရှိသည်။

Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~