နယ်စပ်ဒေသ တာချီလိတ်တွင် ရဲတပ်ဖွဲ့က ကျားမင်းစီမံချက်ဖြင့် ညပိုင်း ရှောင်တခင် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်

ဖေဖော်ဝါရီ 29, 2020
By Tachileik News Agency
နယ်စပ်ဒေသ တာချီလိတ်တွင် ရဲတပ်ဖွဲ့က ကျားမင်းစီမံချက်ဖြင့် ညပိုင်း ရှောင်တခင် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်တွင် မှုခင်းကျဆင်းရေးနှင့် ဒုစရိုက်မှုများ ပပျောက်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကျားမင်းစီမံချက်ဖြင့် ဆက်လက်၍ လုံခြုံရေး ဆောင်ရွက်နေပြီး ညပိုင်းတွင် တာချီလလိတ်မြို့တွင်း၌ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ယနေ့ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၉)ရက်နေ့ ညပိုင်းတွင် တာချီလိတ်မြို့ရှိ ရီဂျီးနားဂေါက်ကွင်းသွားလမ်း တစ်လျှောက်တွင် ရဲတပ်ဖွဲ့ နှင့် ပြည်သူ့စစ်အဖွဲ့ အပါအဝင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်တွင် ရဲတပ်ဖွဲ့က ကျားမင်းစီမံချက်ဖြင့် ရက်ပေါင်း(၉၀)သတ်မှတ်ကာ မှုခင်းကျဆင်းရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~