မကွေးတိုင်းဒေသကြီးအတွင်း လွှတ်တော် (၃)ရပ် အားလုံးတွင် NLD အနိုင်ရ

မကွေးတိုင်းဒေသကြီးအတွင်း လွှတ်တော် (၃)ရပ် အားလုံးတွင် NLD အနိုင်ရ
နိုဝင်ဘာ 9, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း လွှတ်တော် (၃)ရပ် အားလုံးတွင် NLD အနိုင်ရ
နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပခဲ့သည့် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ရလဒ်များ တရားဝင်ကြေညာပေးနိုင်ခြင်း မရှိသေးသော်လည်း မကွေးတိုင်းဒေသကြီးတွင် လွှတ်တော်(၃)ရပ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၈၇)ဦးလုံး အနိုင်ရရှိကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ တာဝန်ရယူခဲ့သူ ဦးတာ က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာ(၉)ရက်နေ့တွင် ပြောကြားသည်။
“ပြည်သူ့လွှတ်တော် (၂၅)ဦး၊  အမျိုးသားလွှတ်တော် (၁၂)ဦး၊ တိုင်းဒေသကြီးလွှတ်တော် (၅၀)ဦး အကုန်နိုင်ပါတယ်။ နိုင်တာတောင် သမန်ကာလျှံကာနိုင်တာမဟုတ်ဘူး။ ရာခိုင်နှုန်းအားဖြင့် (၇၀) ကနေ (၈၀) အထိရှိနိုင်ပါတယ်။ အတိအကျတော့ မတွက်နိုင်သေးဘူး။ နတ်မောက်မြို့ဆိုရင် ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ရော တိုင်းဒေသကြီးလွှတ်တော်ပါ NLD က (၅၈၉)မဲ အကုန်ရကြပြီး  ကျန်ပါတီတွေ မဲလုံးဝမရကြဘူး”ဟု NLD ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ထားသည့် ဦးတာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း NLD ပါတီ၏ ချင်းတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်း၏ မဲရလဒ်တစ်ခုသာ စောင့်ကြည့်ရန်လိုအပ်နေဆဲဖြစ်ပြီး ကျန်ကိုယ်စားလှယ်အားလုံး အနိုင်ရထားပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိ မဲရလဒ်များအရ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် NLD ပါတီ၏ အောင်မြင်မှုမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်ထက် ပိုမိုသာလွန်ပြီး  တစ်နိုင်ငံလုံး အတိုင်းအတာအရ ကိုယ်စားလှယ်နေရာ (၃၅၀) ထက် ကျော်လွန်နေပြီဖြစ်၍  အစိုးရဖွဲ့နိုင်ရန် သေချာနေပြီဟုဆိုသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~