တာချီလိတ်မှ အတည်ပြုလူနာနှင့်ထိတွေ့သူ နောက်ထပ် (၂၁)ဦးထပ်တိုးတွေ့၍ Quarantine ထားသူ (၂၈)ဦးအထိ တိုးလာ

တာချီလိတ်မှ အတည်ပြုလူနာနှင့်ထိတွေ့သူ နောက်ထပ် (၂၁)ဦးထပ်တိုးတွေ့၍ Quarantine ထားသူ (၂၈)ဦးအထိ တိုးလာ
နိုဝင်ဘာ 26, 2020
By Tachileik News Agency
တာချီလိတ်မှ အတည်ပြုလူနာနှင့်ထိတွေ့သူ နောက်ထပ် (၂၁)ဦးထပ်တိုးတွေ့၍ Quarantine ထားသူ (၂၈)ဦးအထိ တိုးလာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသည့် ဟိုတယ်ဝန်ထမ်း (၁၇)ဦးအပါအဝင် ထိတွေ့သူ (၂၁) ဦးကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ၌ အသွားအလာ ထပ်မံကန့်သတ်လိုက်၍ တာချီလိတ်၌ အတည်ပြုလူနာနှင့်ထိတွေ့၍ အသွားအလာကန့်သတ်ထားသူ (၂၈) ဦးရှိလာပြီဖြစ်သည်။
“ဟိုတယ်က ထိတွေ့ (၁၇) ဦး ထပ်တိုးတယ်။ ဟိုတယ်မှာပဲ အသွားအလာ ကန့်သတ်ထားတယ်။ နောက်ထပ် ထိတွေ့မှု ရှိပါတယ်ဆိုပြီး ကျန်းမာရေးဌာနကို ဆက်သွယ်လာသူ (၄)ဦးရှိတယ်။ မနေ့က အသွားအလာကန့်သတ်ထားတဲ့ ထိတွေ့သူ (၇)ဦးရှိတယ်။ သူတို့အားလုံး မနက်ဖြန်မှာ RDT စစ်မယ်။ ရလာတဲ့အဖြေအခြေအနေကို ကြည့်ပြီးမှ ဒါက ဒေသတွင်း ကူးစက်မှုလား၊ အခြားက ကူးစက်မှုလားဆိုတာ သိမှ တခြားဆက်လုပ်စရာတွေကို လုပ်လို့ရမယ်”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင်နေထိုင်သည့် 1G1 7 Hotel ဝန်ထမ်း အမျိုးသမီးတစ်ဦးသည် နိုဝင်ဘာလ (၂၆) ရက်နေ့က အနံ့မရ၍ fever clinic သို့ လာရောက် အစစ်ဆေးခံရာမှ COVID 19 positive တွေ့ရသဖြင့် ၎င်းနှင့်ထိတွေ့မှုရှိသူများကို COVID 19 စစ်ဆေးနိုင်ရန် ရှာဖွေနေခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါ အတည်ပြုလူနာကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ ကုသပေးနေပြီး ၎င်းနှင့်ထိတွေ့ခဲ့သည့် တာချီလိတ်မှ (၂၈) ဦးနှင့် ကျိုင်းတုံမှ (၃၁)ဦးတို့ကို အသွားအလာကန့်သတ်ထားခြင်းဖြစ်သည်။
Tachileik News Agency
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~