အနိုင်ရကိုယ်စားလှယ်စာရင်းများကို UEC က နိုဝင်ဘာလ(၁၁)ရက်နေ့ နေ့လည်ပိုင်းအထိ ထုတ်ပြန်ကြေညာပေးနေရာတွင် NLD မှ (၂၇၄)ဦး ပါဝင်ထား

အနိုင်ရကိုယ်စားလှယ်စာရင်းများကို UEC က နိုဝင်ဘာလ(၁၁)ရက်နေ့ နေ့လည်ပိုင်းအထိ ထုတ်ပြန်ကြေညာပေးနေရာတွင် NLD မှ (၂၇၄)ဦး ပါဝင်ထား
နိုဝင်ဘာ 11, 2020
By Tachileik News Agency
အနိုင်ရကိုယ်စားလှယ်စာရင်းများကို UEC က နိုဝင်ဘာလ(၁၁)ရက်နေ့ နေ့လည်ပိုင်းအထိ  ထုတ်ပြန်ကြေညာပေးနေရာတွင် NLD မှ (၂၇၄)ဦး ပါဝင်ထား
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့မှ (၁၁) ရက်နေ့ ညနေ (၂) နာရီခွဲအထိ ထုတ်ပြန်ကြေညာခဲ့သည့် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် (၃၃၂) ဦးစာရင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၂၇၄) ဦးပါဝင်သည်ကို တွေ့ရသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉(ခ) နှင့်အညီ နိုဝင်ဘာလ (၉) ရက်နေ့ကစ၍ စတင်ကြေညာခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ရှိအချိန်အထိ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်စာရင်းများကို ကြေညာခဲ့ရာတွင် လွှတ်တော်ကိုယ်စားလှယ် (၃၃၂) ဦးကို ကြေညာခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၂၇၄) ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၂၅) ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၇) ဦး၊ မွန်ညီညွတ်ရေးပါတီမှ (၅) ဦး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ (၅) ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ (၂) ဦး၊ ရခိုင်ဦးဆောင်ပါတီမှ (၃) ဦး၊ ရခိုင်အမျိုးသားပါတီမှ (၄) ဦး၊ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ (၁) ဦး၊ တစ်သီးပုဂ္ဂလမှ (၁) ဦးနှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီမှ (၃) ဦး အသီးသီးအနိုင်ရရှိထားကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~