တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်း၌ Covid-19 အတည်ပြုလူနာ (၅)ဦးအပြင် နောက်ထပ် (၆)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်း၌ Covid-19 အတည်ပြုလူနာ (၅)ဦးအပြင် နောက်ထပ် (၆)ဦး ထပ်တိုး
နိုဝင်ဘာ 30, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်း၌ Covid-19 အတည်ပြုလူနာ (၅)ဦးအပြင် နောက်ထပ် (၆)ဦး ထပ်တိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ နံနက်ပိုင်း၌ Covid-19 အတည်ပြုလူနာ (၅)ဦးတိုးပြီး (၁၀)နာရီခွဲကျော်အထိ နောက်ထပ်(၆)ဦးထပ်တိုး၍ နံနက်ပိုင်းတွင် အတည်ပြုစုစုပေါင်း လူနာ (၁၁) ဦးထပ်တိုး၍ နေရပ်လိပ်စာနှင့် ထိတွေ့သံသယလူနာများကို ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။
ယနေ့ နံနက်တွေ့ရသည့် အတည်ပြုလူနာများမှာ အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၇) ဦးထပ်တိုးလာခြင်းဖြစ်သည်။
ထပ်တိုးလာသည့် အတည်ပြုလူနာများ၏ နေထိုင်ရာ လိပ်စာ နှင့် ထိတွေ့သူများအား ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အတည်ပြုလူနာများထံမှ မေးမြန်းနေဆဲဖြစ်သည်။
အတည်ပြုလူနာ (၁၁) ဦးထပ်တိုးလာသဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ ကုသပေးရမည့်လူနာ စုစုပေါင်း (၃၃) ဦးရှိလာပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~