တာချီလိတ်မြို့ရှိ မြို့ကွက်သစ် အပိုင်း(ဈ)၏ နောက်ဆုံးအခြေအနေ

တာချီလိတ်မြို့ရှိ မြို့ကွက်သစ် အပိုင်း(ဈ)၏ နောက်ဆုံးအခြေအနေ
အောက်တိုဘာ 20, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ မြို့ကွက်သစ် အပိုင်း(ဈ)၏ နောက်ဆုံးအခြေအနေ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းမှာရှိတဲ့ မြေကွက်သစ်အပိုင်း ‘ဈ’ထဲမှာ ကျူးကျော်နေထိုင်သူ (၃၇) ဦးကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့က သက်ဆိုင်ရာက တရားရုံးမှာဦးတိုက်လျောက်ထားပြီး အနိုင်ရရှိရင် မြေကွက်ပိုင်ရှင်တွေကို လက်ရောက်ပေးအပ်သွားမယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။
လက်ရှိမှာ နို့တစ်စာတွေလက်ခံရရှိပြီးတော့ တရားဥပဒေအရရင်ဆိုင်သွားမယ်လို့ ဒေါ်နန်းခမ်းတစ်ရဲ့ လုပ်ပိုင်ခွင့်ရမြေနေရာနဲ့ ပတ်သက်ပြီး ဆက်လက်တာဝန်ယူနေတဲ့ ဦးယောရှုက ပြောပါတယ်။
 
တာချီလိတ်မြို့နယ်အတွင်းက ကျူးကျော်နေထိုင်သူတွေကို တရားစီရင်ရေးစနစ်အရဖယ်ရှားရာမှာ အချိန်ကာလကြာမြင့်တဲ့အတွက် မြေပြင်မှာ နေအိမ်တွေ အခိုင်အမာ ဆောက်လုပ်ပြီးစီးသွားလို့ ဖယ်ရှားတဲ့အခါမှာအခက်အခဲတွေရှိတယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မြို့ကွက်သစ်အပိုင်း ဈ ကို ၂၀၁၀ခုနှစ် ဝန်းကျင်ကတည်းက စီမံကိန်းစခဲ့တာဖြစ်ပေမဲ့ အခု ၂၀၂၀ခုနှစ် အောက်တိုဘာလအထိ အကောင်အထည်ဖော်နိုင်သေးခြင်းမရှိသေးတာဖြစ်ပါတယ်။

 

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~