ဖမ်းဆီးရမိသည့် အထောက်အထားမဲ့ ဘင်္ဂါလီ(၁၅)ဦးကို အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်စီ ချမှတ်

ဖမ်းဆီးရမိသည့် အထောက်အထားမဲ့ ဘင်္ဂါလီ(၁၅)ဦးကို အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်စီ ချမှတ်
မတ် 7, 2020
By Tachileik News Agency
 ဖမ်းဆီးရမိသည့် အထောက်အထားမဲ့ ဘင်္ဂါလီ(၁၅)ဦးကို အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်စီ ချမှတ်

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် အထောက်အထားမဲ့ ဘင်္ဂါလီ(၁၅)ဦးကို  အလုပ်နှင့် ထောင်ဒဏ်(၂)နှစ်စီ ကျခံစေရန် ၂၀၂၀ခုနှစ် မတ်လ(၆)ရက်နေ့က မင်းလှမြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီ(၁၅)ဦးမှာ လဝက ဥပဒေအရ  ၁၉၅၁ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေအား  ချိုးဖောက်ခဲ့သည့်အတွက် ၁၉၄၉ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေ ထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ဖောက်ဖျက်ကျူးလွန်မှုဖြင့် စွဲချက်တင်ခဲ့ကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း မင်းလှမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယလဝကမှူး ဦးအောင် ပြည်စိုး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ရဲ့ ဥပဒေအရ ကျွန်တော်တို့ရှေ့မှာ မတ်တပ်ပဲ ရပ်နေ နေ၊ ငုတ်တုပ်ပဲ ထိုင်နေ နေ လိုအပ်တဲ့ သက်သေခံလက်မှတ်အထောက်အထားမပါဘူးဆိုရင် သက်သေပြချက်က တစ်ခြားအမှုတွေလို အများကြီးမလိုဘူး။ အဲဒီအတွက်ကြောင့် တရားစီရင်တာ မြန်ဆန်ပါတယ်။ ကျွန်တော်တို့ အနေနဲ့က ချစ်ခြင်း၊မုန်းခြင်းမရှိပါဘူး တာဝန်အရ၊ ဥပဒေအရ လုပ်ရတာပေမယ့် သူတို့အပေါ် အစားအသောက်အနေအထိုင်ကအစ အများကြီး စောင့်ရှောက်ပေးပါတယ်”ဟု ၎င်း က ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြစ်ဒဏ်ချခံပြီး ပြန်လည်လွတ်မြောက်လာသည့် ဘင်္ဂါလီလူမျိုးများအား မကွေးတိုင်းသို့ လွှဲအပ်ပေးကာ မကွေးတိုင်းမှ ရခိုင်ပြည်နယ်သို့တစ်ဆင့် လွှဲပြောင်းအပ်နှံ၍ ရခိုင်ပြည်နယ်မှ တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်တို့ထံ ပြန်လည်အပ်နှံကြောင်း ၎င်းထံက သိရသည်။

ယခု ပြစ်ဒဏ်ကျခံခဲ့ရသည့် ဘင်္ဂါလီ(၁၅)ဦးသည် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နှင့်(၁၄)ရက်နေ့များက  မင်းလှမြို့နယ် လက်ပံတခါးကျေးရွာနှင့် ကန်တုပ်လမ်းဆုံအနီး ပုသိမ်-မုံရွာကားလမ်းဘေးတောအုပ်အတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့(၁၅)ဦးဘက်မှ ရန်ကုန်မြို့နေ အထက်တန်းရှေ့နေတစ်ဦးက လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီ(၁၅)ဦးတွင် အသက်(၆)နှစ်အရွယ်ရှိ ကလေးပါရှိသဖြင့် အဆိုပါ ကလေးအား မကွေးမြို့ လူမှုဝန်ထမ်း ဦးစီးဌာန၊ ကလေးပြုစုရေးသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ဗိုလ်ကြိမ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~