၁၀၅ မိုင် စစ်ကောင်စီတပ်စခန်းမှပစ်ခတ်သည့် လက်နက်ကြီးကျည် ရွာဘုန်းကြီးကျောင်းအတွင်းကျကာ ကိုရင်ကြီးတစ်ပါး ဒဏ်ရာရ

၁၀၅ မိုင် စစ်ကောင်စီတပ်စခန်းမှပစ်ခတ်သည့် လက်နက်ကြီးကျည် ရွာဘုန်းကြီးကျောင်းအတွင်းကျကာ ကိုရင်ကြီးတစ်ပါး ဒဏ်ရာရ
နိုဝင်ဘာ 22, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သည့်လက်နက်ကြီးကျည် ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းက အောက်နမ့်ဟွယ်ကျေးရွာ၊ ဇေယျမင်္ဂလာဘုန်းကြီးကျောင်းတိုက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်ကြီးတစ်ပါး ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ၁၀၅ မိုင်တပ်စခန်းမှ ပစ်ခတ်သည့်လက်နက်ကြီးကျည်သည် ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်ကြီးတစ်ပါး ပေါင်နှစ်ဖက်လုံး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် Supercustom (၁)စီး၊ Tiger 4w (၁)စီး၊ Nissan (၁)စီး စုစုပေါင်း ကား(၃)စီးနှင့် ကျောင်းအဆောက်အဦး (၃)လုံး ထိမှန်ပျက်စီးခဲ့သည်ဟု TNLAထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီ၏ စခန်းသစ်တပ်စခန်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် နမ့်ခမ်းမြို့ မန်လုံကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : PSLF/TNLA News