တာချီလိတ်၏ ဒုတိယမြောက် အတည်ပြုလူနာ နေထိုင်ရာ လိုင်းခန်းနှင့် သားဖွား/မီးယပ်ဆောင် အား ပိုးသတ်ဆေးဖြန်း

တာချီလိတ်၏ ဒုတိယမြောက် အတည်ပြုလူနာ နေထိုင်ရာ လိုင်းခန်းနှင့် သားဖွား/မီးယပ်ဆောင် အား ပိုးသတ်ဆေးဖြန်း
ဧပြီ 21, 2020
By Tachileik News Agency
တာချီလိတ်၏ ဒုတိယမြောက် အတည်ပြုလူနာ နေထိုင်ရာ လိုင်းခန်းနှင့် သားဖွား/မီးယပ်ဆောင် အား ပိုးသတ်ဆေးဖြန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဒုတိယမြောက် အတည်ပြုလူနာ (Case 112) ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့တွင် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီးနောက် အတည်ပြုလူနာနေထိုင်ရာ ဝန်းကျင်နှင့် အလုပ် လုပ်ကိုင်ရာ ဝန်းကျင်ကို ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ထားသည်။

“တာချီလိတ်ဆေးရုံမှာ သူအလုပ် လုပ်တဲ့နေရာတွေကိုတော့ ရောဂါပိုးနှိမ်နှင်းရေးလုပ်ငန်းတွေ လုပ်ခိုင်းထားပါတယ်”ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ဆေးရုံရှိ ဝန်ထမ်းလိုင်းခန်းနေရာနှင့် သားဖွား/မီးယပ်ဆောင် အတွင်း အပြင် ဆေးဖြန်းခြင်းကို ဆောင်ရွက်ထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~