ပြည်ပသို့သွားရောက်အလုပ်လုပ်မည့်သူများကို ကျပ် (၂)သိန်းနှုန်းဖြင့် COVID 19 စစ်ဆေးပေးမည်

ပြည်ပသို့သွားရောက်အလုပ်လုပ်မည့်သူများကို ကျပ် (၂)သိန်းနှုန်းဖြင့် COVID 19 စစ်ဆေးပေးမည်
သြဂုတ် 10, 2020
By 🌸
ပြည်ပသို့သွားရောက်အလုပ်လုပ်မည့်သူများကို ကျပ် (၂)သိန်းနှုန်းဖြင့် COVID 19 စစ်ဆေးပေးမည်
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရပါက လိုအပ်မည့် ကျန်းမာရေးထောက်ခံချက်အတွက် COVID 19 စစ်ဆေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်ဦးလျှင် ကျပ် (၂)သိန်းနှုန်းဖြင့် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
COVID 19 ထိန်းချုပ်ရေးအတွက် ကန့်သတ်မှုများ ဖြေလျှော့ပါက ပြည်ပမှရွှေ့ပြောင်းလုပ်သားများ လက်ခံမည့် နိုင်ငံအသီးသီးသို့ သွားရောက်အလုပ်လုပ်ကိုင်ရာ၌ ကျန်းမာရေးထောက်ခံချက်များလိုအပ်မည်ဖြစ်ရာ မြန်မာလုပ်သားများ ပြည်ပထွက်ခွာချိန်၌ COVID 19 စစ်ဆေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်ပေးမည့်အခြေအနေအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့၌ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ၊ အေဂျင်စီများကို အသိပေးထားခြင်းဖြစ်သည်။
ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် အလုပ်လုပ်ကိုင်မည့် သက်သေအထောက်အထား၊ လက်မှတ်များ၊ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ်တို့နှင့်အတူ ပြည်ပမထွက်ခွာမီ (၇၂)နာရီ ကြိုတင်၍ နီးစပ်ရာစစ်ဆေးမည့်ဌာနသို့ သွားရောက်စစ်ဆေးကြရမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပထွက်ခွာမည့် မြန်မာလုပ်သားများအား COVID 19 စစ်ဆေးပေးခြင်းကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိ်ုင်ရာဌာန (ရန်ကုန်)နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)တို့တွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။
စစ်ဆေးမှုခံယူလိုသူများအနေဖြင့် နီးစပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနများတွင် ကြိုတင်စုံစမ်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် COVID 19 သံသယလူနာများ၊ ပြည်ပမှပြန်လာသူများ၊ အတည်ပြုလူနာနှင့် ထိတွေ့သူများ၊ ပြည်ပပြန်များအား အနီးကပ်ကူညီဆောင်ရွက်ပေးနေသူများအား အခမဲ့ ဓာတ်ခွဲစစ်ဆေးပေးခြင်းကို လုပ်ဆောင်နေရာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃၉၅၁၄) ခုကို စစ်ဆေးထားပြီးဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~