တာချီလိတ်မှ ပို့စစ်ထားသည့် (၄၄)ဦး အပါအဝင် ရှမ်း(ရှေ့)မှ ဓါတ်ခွဲနမူနာ (၅၉)ခုတွင် Covid-19 ပိုးမတွေ့

တာချီလိတ်မှ ပို့စစ်ထားသည့် (၄၄)ဦး အပါအဝင် ရှမ်း(ရှေ့)မှ ဓါတ်ခွဲနမူနာ (၅၉)ခုတွင် Covid-19 ပိုးမတွေ့
အောက်တိုဘာ 6, 2020
By Tachileik News Agency
တာချီလိတ်မှ ပို့စစ်ထားသည့် (၄၄)ဦး အပါအဝင် ရှမ်း(ရှေ့)မှ ဓါတ်ခွဲနမူနာ (၅၉)ခုတွင် Covid-19 ပိုးမတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ တောင်ကြီးမြို့သို့ ပို့စစ်ထားသည့် ဓာတ်ခွဲနမူနာများနှင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ စစ်ဆေးသည့် ဓာတ်ခွဲနမူနာ အပါအဝင် စုစုပေါင်း (၅၉)ခုတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့၌ ဓာတ်ခွဲအဖြေရကြောင်း သိရသည်။
"ရှမ်း(အရှေ့)က ဓာတ်ခွဲနမူနာ (၅၈)ခုက အားလုံး ပိုးမတွေ့ပါဘူး။ မနက်ဖြန် ထပ်ပို့မယ့် (၃၀) တော့ရှိတယ်။ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းတုံနဲ့ မိုင်းယောင်းက Quarantine တွေပါ"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်မှလာ၍ အသွားအလာ ကန့်သတ်ထားသည့် တာချီလိတ်မြို့တွင်  (၄၄) ဦးအပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ စုစုပေါင်း (၅၈)ဦး၏ ဓာတ်ခွဲနမူနာများကို တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့စစ်ထားခြင်းဖြစ်ပြီး မိုင်းဆတ်မြို့မှ စောင့်ကြည့်လူနာ (၁) ဦး၏ ဓာတ်ခွဲနမူနာကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
တောင်ကြီးသို့ ပို့စစ်သည့် (၅၈)ခုနှင့် တာချီလိတ်ဆေးရုံတွင် စစ်ဆေးသည့် (၁)ခုအပါအဝင် စုစုပေါင်း (၅၉)ခုတွင် Covid-19 ပိုး မတွေ့ရခြင်း ဖြစ်သည်။
"မိုင်းဆတ်ကလူနာရဲ့ ဓာတ်ခွဲအဖြေက Negative ပါ။ မနက်ဖြန်ထိ တစ်ခြား ထပ်စစ်ဖို့လည်း မရှိပါဘူး။ စောင့်ကြည့်လူနာလည်း မရှိပါဘူး"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က ပြောသည်။ 
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံပြည်သူ့ဆေးရုံနှင့် တာချီလိတ်ပြည်သူ့ဆေးရုံတို့တွင် စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးပေးနေပြီး အသွားအလာကန့်သတ်ထားသူများ၏ ဓာတ်ခွဲနမူနာများကို တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့စစ်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~